အမေရိကန်မှာ TikTok ကို ဘန်းပြီး ၁ လနီးပါးအကြာမှာ TikTok ဟာ Apple App Store နဲ့ Google Play Store ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
Bloomberg က အမေရိကန် တရားသူကြီးချုပ် Pam Bondi က TikTok ကို ပြန်တင်ပေးရင် ဒဏ်ရိုက်မှာ မဟုတ်ဘူးလို့ Apple ကို အာမခံပြီးနောက်မှာ TikTok ကို Apple App Store မှာ ပြန်တင်ပေးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ထရမ့်က TikTok ကို ရောင်းချဖို့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ဖို့ ဒုတိယ သမ္မတ JD Vance ကို တာဝန်ပေးထားပါတယ်။
TikTok ပိုင်ရှင် ByteDance ရဲ့ App တွေကို ဘန်းတဲ့ ဥပဒေ ထွက်လာပြီးနောက်မှာ Apple နဲ့ Google တို့ဟာ TikTok ကို App Store တွေကနေ ဖယ်ရှားခဲ့ပါတယ်။ သမ္မတ ထရမ့်က TikTok ကို ဘန်းတာကို ၇၅ ရက် နောက်ဆုတ်ပေးဖို့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။
The latest TikTok app is now available to download
— TikTok US (@tiktok_us) February 14, 2025
အခုတော့ Apple နဲ့ Google တို့က TikTok ကို App Store တွေမှာ ပြန်လည် တင်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Bondi ဆီက ခွင့်ပြုချက်ကြောင့် TikTok ကို ပြန်တင်ပေးတာလားလို့ TheVerge က မေးတဲ့အခါ Apple နဲ့ Google က ဘာမှ ပြန်မပြောသေးပါဘူး။
Ref : Theverge