အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စတင် တာဝန်ထမ်းဆောင်ပြီးနောက် TikTok ဟာ အမေရိကန်မှာ ပြန်လည် အသုံးပြုခွင့်ရသွားပါတယ်။ ထရမ့်က ” TikTok ကို ကယ်တင်ရမှာပါ။ အမေရိကန် လူမျိုး သန်း ၁၇၀ လောက် အသုံးပြုနေတဲ့ TikTok ကို ပူးပေါင်းလုပ်ကိုင်ဖို့ အမေရိကန်က နည်းလမ်း ရှာရမှာပါ။ “ လို့ ပြောပါတယ်။
TikTok ကုမ္ပဏီက သမ္မတ ထရမ့် ကြောင့် TikTok ဟာ အမေရိကန်ကို ပြန်လာနိုင်ခဲ့ပါပြီလို့ ကြေညာပါတယ်။ တနင်္ဂနွေနေ့မှာ TikTok ကို အမေရိကန်မှာ စတင် ပိတ်ပင်လိုက်တာ ဖြစ်ပြီး App Store တွေမှာ Download လုပ်လို့ မရခဲ့ပါဘူး။ တနင်္လာနေ့မှာတော့ TikTok ကို ပြန်လည် ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
TikTok က “ ကျွန်တော်တို့ Service Provider တွေနဲ့ သဘောတူညီချက်ကြောင့် TikTok ဟာ ဝန်ဆောင်မှုကို ပြန်လည် အသက်သွင်းတဲ့ အဆင့်ကို ပြုလုပ်နေပါတယ်။ TikTok ကို ပိတ်ပင်ထားတာကို ဖြေလျော့ပေးတဲ့ သမ္မတ ထရမ့်ကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
အမေရိကန် အာဏာပိုင်တွေက နိုင်ငံလုံခြုံရေးအတွက် တရုတ် ကုမ္ပဏီ Bytedance ပိုင်တဲ့ TikTok ကို အမေရိကန်မှာ ပိတ်ပင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ထရမ့် သမ္မတ ဖြစ်လာပြီးနောက်မှာ အဲဒီ ဥပဒေကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
Ref : Reuters