Musical Video App တစ်ခုဖြစ်တဲ့ TikTok ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းကစတင်ပြီး အကြီးအကျယ်ကို အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ အခုလည်း Google Play Store မှာ Download ပြုလုပ်သူပေါင်း ၁ ဘီလီယံ (သန်း ၁ ထောင်) ပြည့်သွားပါပြီ။

TikTok ဟာ ပြီးခဲ့တဲ့မတ်လကုန်တုန်းထဲက Play Store မှာ ဒုတိယမြောက် Download ပြုလုပ်မှုအများဆုံး App တစ်ခုအနေနဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး အသုံးပြုသူတွေပိုပြီးများပြားလာတာကလည်း လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် အိမ်မှာနေတဲ့သူတွေများပြားလာတာကလည်း အဓိကအကြောင်းအရင်းဖြစ်နိုင်ပါတယ်။

TikTok ရဲ့ အခုလိုမျိုး အောင်မြင်မှုဟာ အခမဲ့ Download ရယူနိုင်တဲ့ App တစ်ခုဖြစ်သလို App အတွင်းမှာလည်း Premium Feature တွေကို ဝယ်ယူစရာမလိုအပ်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း TikTok App ဟာ အခုအချိန်အထိကို Privacy ပိုင်းဆိုင်ရာမှာ သံသဃတွေနဲ့ ရင်ဆိုင်နေရဆဲလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Play Store မှာတင် Download ပြုလုပ်သူ သန်း ၁ ထောင်ပြည့်သွားပြီဆိုတာက မကြာခင်မှာ TikTok ဟာ လူသုံးအများဆုံး App တစ်ခုဖြစ်လာဖို့တောင် အခွင့်အလမ်းများနေပါပြီ။

Ref – Android Police