အမေရိကန် လူမျိုး သန်း ၁၇၀ အသုံးပြုနေတဲ့ TikTok ကို အမေရိကန်မှာ ဒီလ ၁၉ ရက်နေ့မှာ ပိတ်သိမ်းဖို့ ကုမ္ပဏီက ပြင်ဆင်နေတယ်လို့ အတွင်းသတင်းတွေက ပြောပါတယ်။ အဲဒီနေ့မှာပဲ အမေရိကန် အစိုးရက TikTok ကို ပိတ်ပင်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
The Washington Post က TikTok ပိတ်ပင်ပြီး နောက် တစ်ရက်မှာ သမ္မတ ဖြစ်လာမယ့် ဒေါ်နယ်ထရမ့် က TikTok ကို ပိတ်ပင်တာကို ရက် ၆၀ ကနေ ၉၀ အထိ ဆိုင်းငံ့ထားဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ ထရမ့်က ဘယ်လို အာဏာသုံးပြီး ဒီလို လုပ်နိုင်သလဲဆိုတာ မသိသေးပါဘူး။
ဧပြီလက ထုတ်ပြန်တဲ့ ဥပဒေမှာ TikTok ရဲ့ အမေရိကန် လုပ်ငန်းကို မရောင်းချရင် Apple နဲ့ Google App Store တွေကနေ Download လုပ်ခွင့် ပိတ်ပင်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အဲဒီ App Store တွေမှာ TikTok ကို ဖယ်ရှားမှာ ဖြစ်ပါတယ်။
လက်ရှိ TikTok ကို အသုံးပြုနေသူတွေကတော့ ဆက်လက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ TikTok လည်ပတ်အောင် ဝန်ဆောင်မှုပေးနေတဲ့ အမေရိကန် ကုမ္ပဏီတွေဟာ ဝန်ဆောင်မှုကို ရပ်နားရမှာ ဖြစ်ပါတယ်။
Ref : Reuters