လက်နှစ်ဖက်ဖြန့်ပြီး ရိုးရှင်းတဲ့ ဖြေရှင်းနည်းတွေကို ပြသလေ့ရှိတဲ့ Khaby Lame ကို လူတိုင်း ရင်းနှီးကြမှာပါ။ အခုချိန်မှာတော့ ကမ္ဘာ့လူကြည့်အများဆုံး TikToker တစ်ယောက်ဖြစ်တဲ့ Khaby Lame ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာ ပရိသတ် သန်း ၃၆၀ ကို အရင်းပြုပြီး စီးပွားရေးလောကထဲ ခြေလှမ်းကျဲကြီးနဲ့ ဝင်ရောက်လာခဲ့ပါပြီ။
Khaby Lame ဟာ Rich Sparkle Holdings ကုမ္ပဏီနဲ့ လက်တွဲပြီး အမေရိကန်ဒေါ်လာ ၉၇၅ သန်း (စင်ကာပူဒေါ်လာ ၁.၂ ဘီလျံ) တန်ကြေးရှိတဲ့ သဘောတူညီချက်တစ်ခုကို ရေးထိုးလိုက်ပါတယ်။ ဒီစာချုပ်အရ Rich Sparkle ကုမ္ပဏီက ၃၆ လကြာ Khaby Lame ရဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကို ရရှိမှာဖြစ်ပြီး သူ့ကို ရိုးရိုး Influencer အဆင့်ကနေ “Equity-backed creator” ဆိုတဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် အဆင့်ကို မြှင့်တင်ပေးလိုက်တာ ဖြစ်ပါတယ်။
:max_bytes(150000):strip_icc():focal(985x289:987x291)/khaby-Lame-Influencer--Content-Creator-addresses-the-audience-during-the-opening-night-of-the-Web-Summit-2025-012726-5490f4aeabb142a48d5c25852f94644b.jpg)
လက်ရှိမှာ Khaby Lame ဟာ TikTok မှာ Follower သန်း ၁၆၀ နဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး ဒုတိယလိုက်နေတဲ့ Charli d’Amelio ထက် သန်းအတန်ငယ် ပိုများပါတယ်။ TikTok နဲ့ Instagram နှစ်ခုပေါင်းရင်တော့ သူ့ရဲ့ ပရိသတ်အင်အားက သန်း ၃၆၀ အထိ ရှိနေတာပါ။ ဒီပရိသတ်အင်အားကို အသုံးပြုပြီး တစ်နှစ်ကို ရောင်းအား ဒေါ်လာ ၄ ဘီလျံလောက်အထိ ရရှိမယ်လို့ ကုမ္ပဏီဘက်က တွက်ချက်ထားပါတယ်။
ဒီပူးပေါင်းမှုမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အသက် ၂၅ နှစ်အရွယ် Khaby Lame ရဲ့ ပုံရိပ်ကိုသုံးပြီး အလှကုန်၊ ရေမွှေးနဲ့ အဝတ်အထည်တွေ ထုတ်လုပ်ရောင်းချသွားမယ့် အစီအစဉ်ပါပဲ။ ဒါတင်မကသေးပါဘူး၊ Khaby Lame ရဲ့ မျက်နှာ အမူအရာ၊ အသံနဲ့ ဟန်ပန်တွေကို AI နည်းပညာနဲ့ ဖန်တီးပြီး ဘာသာစကားမျိုးစုံနဲ့ အကြောင်းအရာတွေကို တင်ဆက်သွားဦးမှာ ဖြစ်ပါတယ်။
Khaby Lame ရဲ့ လက်တွဲဖော် Rich Sparkle ကုမ္ပဏီကတော့ Hong Kong အခြေစိုက်ဖြစ်ပြီး အရင်က ငွေကြေးဆိုင်ရာ ပုံနှိပ်လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ခဲ့ရာကနေ အခုလို ကမ္ဘာကျော် ကြယ်ပွင့်တစ်ယောက်နဲ့ လက်တွဲပြီး ကြီးမားတဲ့ အပြောင်းအလဲကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။
Ref : straitstimes