Samsung ဟာ လာမယ့် Galaxy S22 Series ဖုန်းတွေကို အမြောက်အများရောင်းချနိုင်မယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ ဒါကလည်း Design ပိုင်း အဆင့်မြှင့်တင်မှုတွေအပြင် AMD Radeon Graphic ပါဝင်လာမယ့် Exynos Processor အသစ်ကို အသုံးပြုလာမှာကြောင့်လည်းဖြစ်ပါတယ်။

အခုလိုမျိုး Galaxy S22 Series ဖုန်းတွေဟာ လာမယ့် ၂၀၂၂ အစောပိုင်းမှာ မိတ်ဆက်သွားမယ်လို့ သိထားပေမယ့် တကယ်တမ်း ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ ဒီအတွက် နာမည်ကြီး Tipster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ Galaxy S22 Ultra ဖုန်းကို မိတ်ဆက်မယ့်အချိန်ကို ပြောကြားလိုက်ပါတယ်။

Ice Universe ရဲ့ ပြောကြားချက်အရတော့ Galaxy S22 Ultra စမတ်ဖုန်းကို လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး ကျန်တဲ့ Galaxy S22 Series ဖုန်းတွေကိုလည်း အဆိုပါ နေ့မှာပဲ အတူမိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ Samsung Galaxy S22 Series ဖုန်းတွေဟာ US နဲ့ တစ်ချို့သောစျေးကွက်မှာ Qualcomm Snapdragon Gen 1 Chipset ကို အသုံးပြုလာဦးမှာဖြစ်ပါတယ်။

Samsung Galaxy S22 Ultra Camera ဟာ Camera ပိုင်းမှာ 108MP Main Camera အပြင် 10MP + 10MP + 12MP Camera Sensor တွေကို ထည့်သွင်းပေးထားပြီးတော့ 108MP Main Sensor က Samsung ကနေ နောက်ဆုံးထုတ်လုပ်ထားတဲ့ HM3 Sensor ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Samsung HM3 Sensor ဟာ 1/1.33″ Sensor အမျိုးအစားဖြစ်ပြီး Aperture f1.8 ၊ 0.8μm Pixel Size အပြင် Optical Image Stabilization ကိုပါ Support ပြုလုပ်လာမှာဖြစ်ပါတယ်။

Ref – Gizmo China