Redmi ဟာ တရုတ်မှာ Note 9 Series အသစ် စမတ်ဖုန်းတွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ Redmi Note 9 Pro နဲ့ Note 9 ကို ကြေညာထားပြီး ဖြစ်ပေမယ့် တရုတ်က မော်ဒယ် အသစ်တွေမှာ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။

Top-tier Redmi Note 9 variant passes through GeekBench

အခုတော့ စွမ်းရည်အမြင့်ဆုံး Redmi Note 9 မော်ဒယ်ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး Android 10 နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ 1.8GHz Octa-core Chipset မောင်းနှင်ထားပြီး Single-core စမ်းသပ်ချက်မှာ ၆၄၅ မှတ်နဲ့ Multi-core စမ်းသပ်ချက်မှာ ၁၉၆၃ မှတ်ရထားပါတယ်။ Geekbench Version 5.2.5 နဲ့ စမ်းသပ်ထားတာ ဖြစ်ပါတယ်။

Redmi Note 9 series is coming to China on November 26

တရုတ်မှာ ရောင်းမယ့် Redmi Note 9 Pro မှာ Qualcomm Snapdragon 720G ရဲ့ မျိုးဆက်သစ် 750G Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့ Redmi ရဲ့ မိခင်နိုင်ငံ တရုတ်မှာ Redmi Note 9 Series စမတ်ဖုန်း အသစ်တွေကို တရားဝင် ချပြတော့မှာ ဖြစ်ပါတယ်။

မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားနိုင်ပြီး Redmi Note 9 4G ၁ လုံး၊ 5G ၁ လုံးနဲ့ Redmi Note 9 5G Pro တို့ ဖြစ်နိုင်ပါတယ်။ Redmi က အဲဒီဖုန်းတွေရဲ့ Specs တွေကို ဘာမှမပြောသေးပေမယ့် Redmi Note 9 5G မှာ Dimensity 800U Chipset နဲ့ Pro မှာ 108MP ကင်မရာ၊ 120Hz Refresh Rate နဲ့ Snapdragon 750G Chipset တွေ ပါလာနိုင်ပါတယ်။

Ref : gsmarena