ကမ္ဘာ့ အကြီးဆုံး ကားထုတ်လုပ်သူ တိုယိုတာ က အာကာသ နယ်ပယ်ထဲကို ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ တိုယိုတာ က အာကာသ နည်းပညာ ကုမ္ပဏီ Interstellar Technologies (IST) နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ တိုယိုတာ က အဲဒီ ကုမ္ပဏီမှာ ၇ ဘီလီယမ် ယန်း (ဒေါ်လာ ၄၄.၄ သန်း) ရင်းနှီးမြှပ်နှံလိုက်ပါတယ်။

Toyota backs Japanese space startup Interstellar to mass-produce rockets |  World News - Business Standard

ဒါဟာ တိုယိုတာ က အာကာသ နည်းပညာမှာ စိတ်ဝင်စားနေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။ တိုယိုတာ ရဲ့ ကားထုတ်လုပ်မှု နည်းပညာတွေကနေ ဒုံးပျံ အမြောက်အများ ထုတ်လုပ်ဖို့ IST ကို ကူညီပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

Toyota takes aim at SpaceX with investment in rocket startup | Business

တိုယိုတာ ရဲ့ ခေတ်ရှေ့ပြေး စီမံကိန်း ဖြစ်တဲ့ Woven by Toyota ကနေ Woven City ကို ဂျပန်မှ ဖူဂျီတောင် အနားမှာ တည်ဆောက်နေပါတယ်။ ဒီစီမံကိန်းမှာ မောင်းသူမဲ့ ကား၊ အဆင့်မြင့် နည်းပညာတွေကို ဖန်တီးမှာ ဖြစ်ပါတယ်။

IST နဲ့ ပူးပေါင်းလိုက်တဲ့အတွက် Woven by Toyota ဟာ IST ရဲ့ ဒုံးပျံ ထုတ်လုပ်မှုကို တိုးတက်မြင့်မားစေမှာ ဖြစ်ပါတယ်။ IST ဟာ ဟော်ကိုင်းဒိုး အခြေစိုက် ဖြစ်ပြီး အာကာသ ဒုံးပျံတွေကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အာကာသကို လွှတ်တင်တဲ့ ဒုံးပျံကို တည်ဆောက်နိုင်တဲ့ ဂျပန်ရဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

Ref : myelectricsparks