Toyota က သူတို့ရဲ့ solid-state batteries (SSBs) တွေကို ၂၀၂၇-၂၀၂၈ ခုနှစ်မှာ ကားတွေအတွက် စတင်အသုံးပြုနိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီဘက်ထရီတွေက သက်တမ်း နှစ် ၄၀ အထိ ခံနိုင်ရည်ရှိမှာဖြစ်ပြီး ဒါက လက်ရှိ EV ဘက်ထရီတွေထက် ၄ ဆလောက် ပိုကြာရှည်ခံတာ ဖြစ်ပါတယ်။

Toyota to launch 10 new battery EV models by 2026 | Reuters

Solid-state ဘက်ထရီတွေက မီးလောင်လွယ်တဲ့ အရည် (liquid) လျှပ်ကူးပစ္စည်းတွေအစား အခဲ (solid) ပုံစံကို အသုံးပြုထားတာကြောင့် ပိုပြီး ဘေးကင်းလုံခြုံသလို၊ စွမ်းအင်သိပ်သည်းဆ ပိုများပြီး ပိုလည်း ကြာရှည်ခံပါတယ်။

Toyota Electrification | Toyota Malaysia

Toyota က ဒီဘက်ထရီတွေက ခရီးမိုင် ၁,၀၀၀ ကီလိုမီတာ (၆၂၁ မိုင်) အထိ မောင်းနှင်နိုင်မှာဖြစ်ပြီး၊ ၁၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းတာလည်း ပိုမြန်ဆန်လာပါမယ်လို့ ပြောပါတယ်။  ဒါ့အပြင် ဘက်ထရီတွေက ပိုသေးငယ်ပြီး ပိုပေါ့ပါးလာမှာပါ။

အစောပိုင်းကာလမှာတော့ solid-state ဘက်ထရီတွေက ဈေးကြီးနိုင်ပေမယ့် ထုတ်လုပ်မှု များပြားလာတာနဲ့အမျှ ကုန်ကျစရိတ် လျော့ကျလာပါလိမ့်မယ်။ ကုန်ကြမ်းနဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ အချိန်ယူရဦးမယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဒါပေမယ့် Toyota ရဲ့ တိုးတက်မှုကတော့ ပိုကြာရှည်ခံပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ EV ဘက်ထရီတွေအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Ref : Technology Innovation