Toyota က ဒီ ၁ ပတ်ထဲမှာ လျှပ်စစ်ကား ထုတ်လုပ်မယ့် အစီအစဉ်ကို ချပြလိုက်ပြီး ၂၀၃၀ ခုနှစ်အရောက်မှာ မတူညီတဲ့ လျှပ်စစ်ကား မော်ဒယ် ၃၀ ကို ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ၂၀၂၅ ခုနှစ်မှာ မတူညီတဲ့ လျှပ်စစ်ကား မော်ဒယ် ၁၅ စီးနီးပါး ထုတ်လုပ်ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Toyota Concept EV Pickup Tacoma

Toyota က လျှပ်စစ်ကား ထုတ်လုပ်မယ့် အစီအစဉ်တွေနဲ့အတူ Tesla Cybertruck နဲ့ Ford F-150 Lightning တို့ကို ယှဉ်ပြိုင်နိုင်မယ့် Pickup ထရပ်ကားကို ပြသလိုက်ပါတယ်။ ကုမ္ပဏီက လျှပ်စစ် Pickup ထရပ်ကားကို ထုတ်လုပ်ရောင်းချမယ်လို့ အရင်ကတည်းက ကြေညာထားခဲ့ပါတယ်။ အဲဒီ လျှပ်စစ် ထရပ်ကားဟာ လက်ရှိ ရောင်းချထားတဲ့ Toyota Tacoma နဲ့ တော်တော် တူပြီး ပြောင်းလဲထားတဲ့ ဒီဇိုင်းတချို့က 2022 Tundra နဲ့ တူညီပါတယ်။

Toyota Tacoma EV Concept

Toyota ရဲ့ လျှပ်စစ် ထရပ်ကားဟာ လက်ရှိမှာ Concept အဆင့်သာ ရှိသေးတဲ့အတွက် သတင်းအချက်အလက်များများစားစား မသိရသေးပါဘူး။ ဒါပေမယ့် တံခါးလေးပေါက် တပ်ဆင်ထားတာ မြင်ရပြီး လက်ရှိ Tacoma နဲ့ Tundra အသစ်ကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

လျှပ်စစ်ကား ဈေးကွက်ဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာနေတဲ့အတွက် ၂၀၂၂ ခုနှစ်မှာ Toyota ရဲ့ လျှပ်စစ်ကား မော်ဒယ်များစွာ ထွက်လာနိုင်ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီက လျှပ်စစ် Pickup ထရပ်ကားရဲ့ ဓါတ်ပုံတွေကိုပဲ ပြသထားပါသေးတယ်။

Toyota က ဘက်ထရီ နည်းပညာမှာ ဒေါ်လာ ၁၇.၆ သန်းနီးပါး ရင်းနှီးမြှပ်နှံမှာ ဖြစ်ပြီး ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်ကား ၃.၅ သန်း ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

Ref : reviewgeek