၂၀၂၄ ခုနှစ်က အမေရိကန်ကွန်ဂရက်က TikTok ကို ပိတ်ပင်မယ့် ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေအရ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ဟာ အမေရိကန်မှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေကို လုပ်ငန်းတွေရဲ့ ၈၀% ရောင်းပေးရမှာဖြစ်ပါတယ်။ အမေရိကန်တရားရုံးချုပ်က ဥပဒေကို အတည်ပြုပေးခဲ့ပေမဲ့ စတင်လုပ်ဆောင်ချိန်မှာ ၁၃ နာရီပဲ ပိတ်ဆို့နိုင်ခဲ့ပါတယ်။
သမ္မတ ထရမ့် ရာထူးပြန်ရလာပြီးနောက်မှာ ပိတ်ပင်တဲ့ သတ်မှတ်ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းပေးခဲ့ပါတယ်။ ပထမဆုံး ရက်ပေါင်း ၇၅ ရက် သက်တမ်းတိုးပေးပြီးနောက် နောက်တစ်ကြိမ် ထပ်မံရွှေ့သက်တမ်းတိုးပေးခဲ့ပါတယ်။ အခုတော့ ထရမ့်က TikTok အတွက် နောက်ထပ် ရက်ပေါင်း ၉၀ ထပ်မံပေးလိုက်တဲ့အတွက် စက်တင်ဘာလလယ်အထိ အကျုံးဝင်သွားပါတယ်။
Amazon ကနေ နာမည်ကြီး YouTuber MrBeast အထိ TikTok ကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့သူတွေ အများကြီး ရှိနေပြီး ဧပြီလအစောပိုင်းမှာ သဘောတူညီချက်တစ်ခု အပြီးသတ်လုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သမ္မတ ထရမ့်ရဲ့ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် အဲဒီသဘောတူညီချက် ပျက်သွားခဲ့ပါတယ်။
လက်ရှိဥပဒေအရ TikTok ရဲ့ အမေရိကန်လုပ်ငန်းတွေရဲ့ ၈၀% ကို အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေက ပိုင်ဆိုင်ရမှာဖြစ်ပြီး ကျန် ၂၀% ကိုတော့ ByteDance က ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုသဘောတူညီချက်မျိုးပဲဖြစ်ဖြစ် တရုတ်အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်တာကတော့ အဓိက အတားအဆီးတစ်ခုအဖြစ် ရှိနေဆဲပါ။ TikTok ဟာ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာ အပေးအယူလုပ်တဲ့ ကိရိယာတစ်ခု ဖြစ်လာတဲ့အတွက် ရောင်းဝယ်မှုနဲ့ မဆိုင်တဲ့ ပြင်ပအချက်တွေကြောင့် သဘောတူညီချက် ပျက်ပြယ်သွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
Ref : gsmarena