အမေရိကန် Cyber လုံခြုံရေး အကြီးအကဲတစ်ယောက် ဖြစ်ပါလျက်နဲ့ နည်းပညာပိုင်းဆိုင်ရာ အခြေခံအမှားတစ်ခုကို ကျူးလွန်မိလိုက်ပါတယ်။ သမ္မတ ထရမ့်လက်ထက် CISA ရဲ့ Acting Director ဖြစ်တဲ့ Madhu Gottumukkala ဟာ အများပြည်သူသုံး ChatGPT ထဲကို “Official Use Only” လို့ တံဆိပ်ကပ်ထားတဲ့ အစိုးရ လျှို့ဝှက်စာရွက်စာတမ်းတွေကို မှားယွင်း Upload တင်လိုက်မိတာပဲ ဖြစ်ပါတယ်။

Trump's cyber chief accidentally uploads highly sensitive private documents  to the public ChatGPT

ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နွေရာသီကာလက ဖြစ်ပွားခဲ့တာပါ။ ပုံမှန်အားဖြင့် လုံခြုံရေး စိုးရိမ်ရတဲ့အတွက် DHS ဝန်ထမ်းအများစုကို ChatGPT သုံးစွဲခွင့် ပိတ်ပင်ထားပေမယ့် Madhu Gottumukkala ကတော့ အထူးအခွင့်အရေး တောင်းဆိုပြီး ရယူအသုံးပြုခဲ့တာ ဖြစ်ပါတယ်။ သူ Upload တင်လိုက်တဲ့ ဖိုင်တွေကြောင့် စနစ်ကနေ အလိုအလျောက် လုံခြုံရေး သတိပေးချက်တွေ တက်လာခဲ့ပြီးနောက် တာဝန်ရှိသူတွေက ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

Head of U.S. Cyber Defence Uploaded Sensitive Documents To ChatGPT

ကျွမ်းကျင်သူတွေ စိုးရိမ်နေကြတာကတော့ အများပြည်သူသုံး ChatGPT ဗားရှင်းမှာ ထည့်သွင်းလိုက်တဲ့ Data တွေကို AI က သင်ယူလေ့လာပြီး အနာဂတ်မှာ ပြန်လည်အသုံးပြုနိုင်တာကြောင့်ပါပဲ။ ဒါကြောင့် ကမ္ဘာတစ်ဝန်းက အသုံးပြုသူ ၁ ဘီလျံလောက်ဆီ ဒီလျှို့ဝှက်အချက်အလက်တွေ ပေါက်ကြားသွားနိုင်တဲ့ အန္တရာယ် ရှိနေပြီး အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လုံခြုံမှုမရှိ ဖြစ်သွားနိုင်ပါတယ်။

CISA ဘက်ကတော့ Madhu Gottumukkala ဟာ ခွင့်ပြုချက်နဲ့ ခေတ္တအသုံးပြုခဲ့တာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ဒါပေမဲ့ Madhu Gottumukkala ဟာ မေလကမှ CISA မှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အခုလို လုံခြုံရေးပေါက်ကြားမှုအပြင် သူကိုယ်တိုင် တောင်းဆိုပြီး စစ်ဆေးခဲ့တဲ့ မုသားဖော်စက် (Polygraph) စစ်ဆေးမှုမှာ ကျရှုံးခဲ့တယ်ဆိုတဲ့ သတင်းဆိုးတွေနဲ့ပါ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

Ref : uniladtech