Taiwanese Chip ထုတ်လုပ်သူဖြစ်တဲ့ TSMC ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး Chip ထုတ်လုပ်သူတစ်ဦးလို့တောင် ပြောလို့ရပါတယ်။ လာမယ့် Apple iPhone 12 Series မှာ အသုံးပြုလာမယ့် A14 Bionic Chip တွေအတွက် 5nm Chip တွေကိုလည်း ထုတ်လုပ်ပေးထားသလို အခုလည်း 6nm Chip တွေကို အမြောက်အများထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ TSMC ရဲ့ Official Website မှာဖော်ပြထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့တုန်းက အမြောက်အများထုတ်လုပ်မှုကို စတင်ခဲ့တာဖြစ်ပါတယ်။ TSMC ရဲ့ အဆိုအရတော့ 6nm Chip တွေဟာ Extreme Ultraviolet Lithography ကိုအသုံးပြုထားတဲ့အတွက် ယခင်ထက် Chip Density က ၂၀ ရာခိုင်နှုန်းတိုးလာမှာဖြစ်ပါတယ်။

TSMC ရဲ့ အဆိုပါ 6nm Chip တွေဟာ Mid Range နဲ့ High End ဖုန်းတွေမှာ အသုံးပြုနေတဲ့ 7nm Chipset တွေကို အစားထိုးသွားမယ်လို့ ယူဆရပါတယ်။ ကျန်တဲ့ Flagship Chipset တွေအနေနဲ့ကတော့ 5nm Architecture ကိုပဲအခြေခံထားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက TSMC ရဲ့ Engineer ဝန်ထမ်း ၁၀၀ ကျော်ကို Huawei အပါအဝင် တရုတ်ကုမ္ပဏီတွေကနေ လစာပိုပေးပြီး ခေါ်ယူမှုတွေရှိခဲ့တဲ့အတွက် အခုထုတ်လုပ်မှုကို ထိခိုက်နိုင်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ TSMC ဟာ Huawei ကို Chip တွေထောက်ပံ့ပေးမှုကို ရပ်ဆိုင်းလိုက်တဲ့အတွက် အခုလိုမျိုး TSMC ရဲ့ Engineer တွေကို ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

Ref – Giz China