[Zawgyi]

TSMC ဟာ ဒုတိယမ်ိဳးဆက္ 7nm+ process ကို အလုံးအရင္းလိုက္ ထုတ္လုပ္ေနၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ရက္က တရားဝင္ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါဟာ ထိုင္ဝမ္ကုမၸဏီအတြက္ ပထမဆုံးအႀကိမ္ EUV lithography နည္းပညာကို အေကာင္အထည္ေဖာ္ျခင္းလည္း ျဖစ္ပါတယ္။

TSMC ရဲ႕အေကာင္အထည္ေဖာ္မႈဟာ ၿပိဳင္ဘက္ကုမၸဏီႀကီးေတြျဖစ္တဲ့ Intel, Samsung တို႔ကို ေျခတစ္လွမ္း အသာစီးရေစမယ္လို႔လည္း နည္းပညာနယ္ပယ္တြင္းမွာ သုံးသပ္ေျပာဆိုမႈေတြ ေပၚေပါက္ေနပါတယ္။ ဒါ့အျပင္ ARM ရဲ႕ ပိတ္ပင္တားဆီးလိုက္မႈက Huawei အတြက္ အၾကပ္႐ိုက္သြားတယ္ဆိုေပမယ့္ TSMC အတြက္ကေတာ့ အပိုဆုရသြားတယ္လို႔ ဆိုရမွာပါ။

အေမရိကန္အစိုးရဟာ ျပည္တြင္းအေျခစိုက္ ကုမၸဏီေတြကိုပဲ အာဏာသက္ေရာက္တာျဖစ္တဲ့အတြက္ TSMC ကေတာ့ Huawei အတြက္ ဆက္ၿပီးအလုပ္လုပ္ႏိုင္ဦးမွာ ျဖစ္သလို၊ Apple အတြက္လည္း ဆက္လက္ေထာက္ပံ့ေပးႏိုင္မွာပါတယ္။ ဒါေၾကာင့္ TSMC ရဲ႕ Process သစ္ဟာ လာမယ့္ Mate 30 ရဲ႕ Kirin 985 ေတြမွာ ပါဝင္လာဖြယ္ ရွိေနပါတယ္။ အလားတူပဲ Apple A13 SoC နဲ႕အတူ လာမယ့္စက္တင္ဘာမွာ ထြက္ရွိလာမယ့္ 2019 iPhone ေတြမွာ ပါဝင္လာမယ္လို႔ ဆိုရမွာပါ။

အေမရိကန္နဲ႔ တ႐ုတ္တို႔ ကုန္သြယ္ေရးစစ္ ျဖစ္ပြားေနေပမယ့္လည္း TSMC ဟာ အေစာပိုင္းကတည္းက သူတို႔အေနနဲ႔ Huawei နဲ႔ဆက္ၿပီးလက္တြဲအလုပ္လုပ္သြားမွာျဖစ္တယ္လို႔ ရွင္းရွင္းလင္းလင္း ေျပာဆိုထားခဲ့တာပါ။ တ႐ုတ္ျပည္မႀကီးမဟုတ္တဲ့ ထိုင္ဝမ္ကုမၸဏီျဖစ္တာေၾကာင့္ အခုလိုမ်ိဳး တ႐ုတ္နဲ႔ေရာ အေမရိကန္နဲ႔ပါ ႏိုင္ငံေရးဆိုင္ရာ ဆက္ႏြယ္မႈမရွိဘဲ အမွီအခိုကင္းကင္းနဲ႔ စီးပြားေရးလုပ္ငန္းကို လုပ္ကိုင္ႏိုင္တာလည္း ျဖစ္ပါတယ္။

TSMC ဟာ အနာဂတ္အစီအစဥ္အျဖစ္ EUV နည္းပညာကို အျပည့္အဝအသုံးျပဳထားတဲ့ 5nm process စမ္းသပ္ထုတ္လုပ္မႈေတြကို စတင္ေတာ့မယ္လို႔လည္း ေၾကညာခဲ့ပါတယ္။ အလုံးအရင္းလိုက္ စီးပြားျဖစ္ထုတ္လုပ္မႈကေတာ့ လာမယ့္ ၂၀၂၀ ပထမသုံးလပတ္ကာလအတြင္းျဖစ္ႏိုင္ၿပီး ေဈးကြက္ထဲကိုေတာ့ ၂၀၂၀ ဇြန္လေလာက္မွာ ပို႔ေဆာင္ႏိုင္ဖို႔ ေမွ်ာ္မွန္းထားေၾကာင္းလည္း သိရပါတယ္။

Ref: GSMArena

[Unicode]

7nm+ process ကို အလုံးအရင်းလိုက် ထုတ်လုပ်နေပြီဖြစ်ကြောင်း TSMC ကြေညာ

TSMC ဟာ ဒုတိယမျိုးဆက် 7nm+ process ကို အလုံးအရင်းလိုက် ထုတ်လုပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ထိုင်ဝမ်ကုမ္ပဏီအတွက် ပထမဆုံးအကြိမ် EUV lithography နည်းပညာကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပါတယ်။

TSMC ရဲ့အကောင်အထည်ဖော်မှုဟာ ပြိုင်ဘက်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Intel, Samsung တို့ကို ခြေတစ်လှမ်း အသာစီးရစေမယ်လို့လည်း နည်းပညာနယ်ပယ်တွင်းမှာ သုံးသပ်ပြောဆိုမှုတွေ ပေါ်ပေါက်နေပါတယ်။ ဒါ့အပြင် ARM ရဲ့ ပိတ်ပင်တားဆီးလိုက်မှုက Huawei အတွက် အကြပ်ရိုက်သွားတယ်ဆိုပေမယ့် TSMC အတွက်ကတော့ အပိုဆုရသွားတယ်လို့ ဆိုရမှာပါ။

အမေရိကန်အစိုးရဟာ ပြည်တွင်းအခြေစိုက် ကုမ္ပဏီတွေကိုပဲ အာဏာသက်ရောက်တာဖြစ်တဲ့အတွက် TSMC ကတော့ Huawei အတွက် ဆက်ပြီးအလုပ်လုပ်နိုင်ဦးမှာ ဖြစ်သလို၊ Apple အတွက်လည်း ဆက်လက်ထောက်ပံ့ပေးနိုင်မှာပါတယ်။ ဒါကြောင့် TSMC ရဲ့ Process သစ်ဟာ လာမယ့် Mate 30 ရဲ့ Kirin 985 တွေမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။ အလားတူပဲ Apple A13 SoC နဲ့အတူ လာမယ့်စက်တင်ဘာမှာ ထွက်ရှိလာမယ့် 2019 iPhone တွေမှာ ပါဝင်လာမယ်လို့ ဆိုရမှာပါ။

အမေရိကန်နဲ့ တရုတ်တို့ ကုန်သွယ်ရေးစစ် ဖြစ်ပွားနေပေမယ့်လည်း TSMC ဟာ အစောပိုင်းကတည်းက သူတို့အနေနဲ့ Huawei နဲ့ဆက်ပြီးလက်တွဲအလုပ်လုပ်သွားမှာဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့တာပါ။ တရုတ်ပြည်မကြီးမဟုတ်တဲ့ ထိုင်ဝမ်ကုမ္ပဏီဖြစ်တာကြောင့် အခုလိုမျိုး တရုတ်နဲ့ရော အမေရိကန်နဲ့ပါ နိုင်ငံရေးဆိုင်ရာ ဆက်နွယ်မှုမရှိဘဲ အမှီအခိုကင်းကင်းနဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နိုင်တာလည်း ဖြစ်ပါတယ်။

TSMC ဟာ အနာဂတ်အစီအစဉ်အဖြစ် EUV နည်းပညာကို အပြည့်အဝအသုံးပြုထားတဲ့ 5nm process စမ်းသပ်ထုတ်လုပ်မှုတွေကို စတင်တော့မယ်လို့လည်း ကြေညာခဲ့ပါတယ်။ အလုံးအရင်းလိုက် စီးပွားဖြစ်ထုတ်လုပ်မှုကတော့ လာမယ့် ၂၀၂၀ ပထမသုံးလပတ်ကာလအတွင်းဖြစ်နိုင်ပြီး ဈေးကွက်ထဲကိုတော့ ၂၀၂၀ ဇွန်လလောက်မှာ ပို့ဆောင်နိုင်ဖို့ မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။

Ref: GSMArena