Twitter ဟာ လက်ရှိအချိန်မှာ Direct Message တွေအတွက် Reaction ကို ပုံမှန် Like အပြင် တခြားသော Emoji Reaction တွေကိုပါ Support ပေးနေပြီဖြစ်ပါတယ်။ အခုလည်း Twitter ကနေ နောက်ထပ် Emoji Reaction Feature တစ်ခုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။

အခု Twitter ကနေ စမ်းသပ်နေတဲ့ Feature ကတော့ Direct Message အပြင် Tweet တွေမှာပါ Emoji နဲ့ React ပြုလုပ်နိုင်မယ့် Emoji Reaction Feature ဖြစ်ပါတယ်။ ဒါက လက်ရှိ Facebook မှာ Post တွေကို React ပြုလုပ်နိုင်တဲ့ Feature နဲ့ ပိုပြီး ဆင်တူသွားစေမှာပါ။

Twitter ကနေ လောလောဆယ် အသုံးပြုနိုင်တဲ့ Heart Emoji Like Feature အပြင် ထပ်မံထည့်သွင်းသွားမယ့် Emoji Reaction တွေကတော့ “Face with tears of joy” , “Thinking face,” “Clapping hands,” “Crying face” Emoji တွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း Twitter ရဲ့ ပြောကြားချက်အရတော့ နောက်ပိုင်းမှာ တခြားသော Emoji Reaction တွေကိုလည်း နိုင်ငံအလိုက် ထည့်သွင်းပေးသွားဖို့ စီစဥ်ထားတယ်လို့သိရပါတယ်။

Twitter ကတော့ အခုလိုမျိုး Tweet တွေမှာ Emoji Reaction ထည့်သွင်းဖို့ စီစဥ်ရတာဟာ အသုံးပြုသူတွေကို သာမန် Like ပြုလုပ်တာထက်ပိုပြီး ကိုယ့် စိတ်ခံစားချက်ကို ဖော်ပြနိုင်အောင် ရည်ရွယ်တယ်လို့ သိရပါတယ်။ ပုံမှန် တစ်ချက်ပဲ Like Button ကို နှိပ်လိုက်တာက Like ပြုလုပ်တာဖြစ်ပြီး Emoji Reaction ကို အသုံးပြုဖို့အတွက်ကတော့ Like Button ကို ဖိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Twitter ကနေ အဆိုပါ Emoji Reaction Feature ကို Turkey မှာ အစောဆုံးမိတ်ဆက်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ တခြားသော နိုင်ငံတွေမှာပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Major Feature Update ဖြစ်တာကြောင့် iOS ၊ Android အပြင် Web မှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – The Verge