Samsung နဲ့ Huawei တို့ဟာ Foldable ဖုန်းတွေ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ ၂ ခု ဖြစ်ပါတယ်။ ဒါပေမယ့် Apple ကလည်း အမှီလိုက်ဖို့ ကြိုးစားနေပြီး အခုတော့ Apple ရဲ့ Foldable iPhone နမူနာမော်ဒယ် ၂ လုံးကို Foxconn က ကြံ့ခိုင်မှု စမ်းသပ်ပြီးပြီလို့ သိရပါတယ်။

Apple

UDN က ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး အဲဒီ Foldable iPhone ၂ လုံးရဲ့ ဒီဇိုင်းဟာ Galaxy Z Fold 2 ၊ Galaxy Z Flip တို့နဲ့ တူညီတယ်လို့ သိရပါတယ်။ အဲဒီအတွက် ၁ လုံးက အလျားလိုက်နဲ့ နောက် ၁ လုံးက ဒေါင်လိုက် ခေါက်ချိုးရတာပါ။ လက်ရှိမှာ Foldable iPhone ၂ လုံးမှာ Function ပြည့်ပြည့်စုံစုံ သုံးလို့ မရသေးဘဲ ကိုယ်ထည်နဲ့ မျက်နှာပြင် အစိတ်အပိုင်းတွေကိုပဲ စမ်းသပ်ရပါသေးတယ်။

Apple

အဲဒီ အစိတ်အပိုင်း ၂ ခုဟာ Foldable ဖုန်းတွေအတွက် အရမ်းကို အဓိက ကျပြီး Samsung ရဲ့ ပထမဆုံး Galaxy Fold မှာ ပြဿနာတက်ခဲ့ဖူးပါတယ်။ Apple ရဲ့ ဒီဇိုင်းဟာ အဲဒီ အစိတ်အပိုင်း ၂ ခုစလုံးအတွက် Quality Control နဲ့ ကြံ့ခိုင်မှုတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ UDN က Apple ဟာ အဲဒီ ဖုန်း ၂ လုံးစလုံးကို စမ်းသပ်စစ်ဆေးနေပြီး ၁ လုံးကိုပဲ ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။

Apple ရဲ့ Foldable iPhone တွေ ရောင်းချမယ့် အချိန်ကို မသိရသေးပေမယ့် ၂၀၂၂ မှာ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ Apple ဟာ စမတ်ဖုန်းနဲ့ တက်ဘလက် ၂ ခုစလုံးရဲ့ စွမ်းရည်တွေကို သုံးလို့ရနိုင်ဖို့ အဲဒီ Foldable iPhone တွေမှာ iOS/iPadOS Hybrid Software ကို ထည့်သွင်းပေးထားနိုင်ပါတယ်။ လက်ရှိမှာ ဒီသတင်းတွေဟာ မသေချာသေးပေမယ့် Apple Fans တွေကတော့ Foldable iPhone ကို ရင်ခုန်စွာ စောင့်မျှော်နေမှာ သေချာပါတယ်။

Ref : gizmochina