Samsung အနေနဲ့ Galaxy M စီးရီးကို ရပ်တန့်ဦးမယ့် အခြေအနေမှာ ရှိမနေတာကို တွေ့မြင်ရပါတယ်။ အကြောင်းက ကုမ္ပဏီဟာ နောက်ထပ် Galaxy M ဟန်းဆက်နှစ်မျိူးကို လုပ်ဆောင်နေတာကြောင့်ပါပဲ။ ဒါ့အပြင် ဒီဟန်းဆက်နှစ်မျိူးကို ၂၀၂၀ ပြည့်နှစ် မကုန်ဆုံးခင်မှာ ဖြန့်ချိမယ်လို့လည်း သိရပါတယ်။

ကုမ္ပဏီဟာ မော်ဒယ်နံပါတ် SM-M425F နဲ့ SM-M127F တွေဖြစ်တဲ့ ဟန်းဆက်သစ်တွေကို လုပ်ဆောင်နေကြောင်း သတင်းထွက်ပေါ်လာတာပါ။ Device တွေရဲ့ နာမည်တွေကို အတည်ပြုလို့မရသေးပေမယ့် Galaxy M42 နဲ့ Galaxy M12s ဆိုတဲ့ နာမည်တွေ သတ်မှတ်ပေးလိမ့်မယ်လို့ သတင်းထွက်ပေါ်ထားတာပါ။

ကနဦးသတင်းတွေတုန်းကတော့ Samsung ဟာ Galaxy M40 ရဲ့ဆက်ခံသူဖြစ်လာမယ့် Galaxy M41 ကို ဖျက်သိမ်းပြီး Galaxy M51 ဆီကို သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုပေါက်ကြားလာတဲ့သတင်းအရ မော်ဒယ်နံပါတ်တွေဟာ Galaxy M42 ဖြစ်နိုင်ကြောင်း အရိပ်အမြွက်ပြခဲ့ပါတယ်။

SM-F415G လိုမျိုးမော်ဒယ်နံပါတ်တွေဟာ F စီးရီး အဖြစ်ထွက်နေတာကြောင့် အခုမြင်တွေ့ရတဲ့ မော်ဒယ်နံပါတ်ကလည်း M စီးရီးကို ကိုယ်စားပြုတာလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် SM-M425F မှာ 64MP အဓိကကင်မရာနဲ့ 128GB သိုလှောင်မှုပမာဏလည်း ရှိမယ်လို့ ဆိုထားပါသေးတယ်။ အကယ်၍ အချက်အလက်တွေ အကုန်မှန်တယ်ဆိုရင်တော့ ဒီဟန်းဆက်တွေကို ဒီနှစ်မကုန်ခင်မှာ တကယ်ပဲ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

Ref: Gizmochina