ဗြိတိန်က အမျိုးသား ၁ ယောက်ရဲ့ ရီစရာ ဖြစ်ရပ် ၁ ခု အွန်လိုင်းပေါ်တက်လာပါတယ်။ သူဟာ Apple ရဲ့ တန်ဖိုးကြီး iPhone 13 Pro Max ကို မှာလိုက်ပေမယ့် ချောကလက် ၂ ချောင်းပဲ ပါဆယ်ထုပ်ထဲမှာ ပါလာပါတယ်။

iphone 13 pro max cadbury

သူ့ရဲ့ နာမည်က Daniel Caroll ဖြစ်ပြီး သူ့ရဲ့ အဖြစ်ကို တွစ်တာမှာ ပို့စ်တင်ထားပါတယ်။  iPhone မှာတာ ၂ ပတ်လောက်ကြာတဲ့အထိ မရောက်လာသေးတဲ့အတွက် သူဟာ West Yorkshie မှာရှိတဲ့ DHL ကုန်လှောင်ရုံကို သွားခဲ့ကာ ပါဆယ်ကို ကိုယ်တိုင် ယူခဲ့ပါတယ်။ ပါဆယ်ကို ဖွင့်ကြည့်တဲ့ အခါမှာ Apple ရဲ့ အမိုက်စား iPhone 13 Pro Max ကို မတွေ့ရဘဲ အဲဒီအစား ချောကလက် ၂ ချောင်းကိုပဲ အံ့အားသင့်စရာကောင်းစွာ တွေ့လိုက်ရပါတယ်။

iPhone 13 Pro series featured

စတာလင်ပေါင် ၁၀၀၀ တန် iPhone 13 Pro Max အစား ချောကလက် ၂ ချောင်းပဲတွေ့လိုက်ရတာက သူ့အတွက် စိတ်မသက်မသာ ဖြစ်စေသလို ရီစရာလည်း ဖြစ်သွားမှာပါ။ သူက “ ကျွန်တော် အိမ်ရောက်တဲ့အခါ ပါဆယ်ဘူးကို တိပ်တွေနဲ့ ပတ်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် တိပ်တွေဟာ တင်းတင်းရင်းရင်း မရှိဘဲ ချောင်နေပါတယ်။ ဘူးကို ဖွင့်ကြည့်တဲ့အခါမှာတော့ အနံ့နံနေတဲ့ ဈေးပေါတဲ့ အိမ်သာသုံး စက္ကူနဲ့ ချောကလက် ၂ ချောင်းကိုတွေ့လိုက်ရပါတယ်။ “ လို့ ပြောပြပါတယ်။

Caroll ဟာ Delivery ဝန်ဆောင်မှုကို အကြိမ်များစွာ ဆက်သွယ်ခဲ့ပေမယ့် iPhone 13 Pro Max ကို မရရှိသေးပါဘူး။ DHL ရဲ့ ပြောရေးဆိုခွင့် ရှိသူ ၁ ယောက်က အဲဒီ ဖြစ်ရပ်ကို စုံစမ်းနေပြီး ဖုန်း ပို့ပေးဖို့ အရောင်းဆိုင်နဲ့ ဆက်သွယ်နေတယ်လို့ ပြောပါတယ်။

Ref : gizmochina