Amazon မှာ OPPO ရဲ့ မကြေညာရသေးတဲ့ A53s ကို စာရင်းတင်ထားပြီး Specs နဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပါတယ်။ ကြိုတင်မှာယူသူတွေကို ၁၈၉ ယူရိုနဲ့ ဒီလ ၁၃ ရက်နေ့မှာ ရောင်းမှာပါ။ မြန်မာငွေ ၂ သိန်း ၈ သောင်းလောက်ကျသင့်မှာပါ။

OPPO A53s မှာ ၆.၅ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး USB-C Port  နဲ့ 18W Fast Charging ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 13MP Main , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာ အနေနဲ့ 16MP ထည့်သွင်းထားပါတယ်။

Chipset ကတော့ Snapdragon 460 ဖြစ်ပြီး 128GB Storage ထည့်သွင်းထားသလို microSD Card စိုက်နိုင်ပါတယ်။ RAM ပမာဏကိုတော့ Amazon မှာ မဖော်ပြထားပါဘူး။ A53s အတွက် Fancy Blue အရောင် ထုတ်လုပ်ပေးထားတာ Amazon မှာ တွေ့ရပါတယ်။ လက်ရှိမှာ OPPO A53s ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။

OPPO A53s ဟာ ပြီးခဲ့တဲ့ လက အိန္ဒိယမှာ ကြေညာခဲ့တဲ့ OPPO A53 နဲ့ ဒီဇိုင်း လုံးဝ တူညီပါတယ်။ A53 အတွက်တော့ 6/128GB , 4/64GB တွေ ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena