မော်ဒယ်နံပါတ် RMX2194 နဲ့ Realme ဟန်းဆက်တစ်ခုကို Geekbench ပေါ်မှာ တွေ့မြင်လာရပါတယ်။ ကံကောင်းထောက်မစွာနဲ့ သိမြင်လိုက်ရတဲ့ အချက်အလက်အနည်းငယ်ထဲမှာ ဒီဟန်းဆက်ဟာ Qualcomm Snapdragon 460 ကို အသုံးပြုထားတယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဒီဟန်းဆက်ဟာ Android 10 မောင်းနှင်ထားတာဖြစ်ပြီး 4GB of RAM ထောက်ပံ့ထားတာလည်း တွေ့ရပါတယ်။ Motherboard section မှာတော့ “Bengal” ကိုပဲ ရည်ညွှန်းဖော်ပြထားတာပါ။ Processor Information မှာတော့ Base Frequency 1.80GHz နဲ့ 8 Cores Processor ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့ကြောင့် Snapdragon 460 ဆိုရခြင်း ဖြစ်ပါတယ်။

ရမှတ်အနေနဲ့ Single-Core မှာ 254 မှတ်နဲ့ Multi-Core မှာ 1,171 မှတ် ရရှိထားကြောင်း တွေ့ရပါတယ်။ Benchmark database မှာတော့ RMX2194 နဲ့ပတ်သက်တဲ့ အခြားအကြောင်းအရာတွေကို ဖော်ပြထားခြင်းမရှိပါဘူး။ လက်ရှိအချိန်မှာ Snapdragon 460 သုံးထားတာတွေက C17 (RMX2101) နဲ့ C15 Qualcomm Edition (RMX2195) တို့ ဖြစ်ကြပါတယ်။

ဒါကြောင့် အခု မြင်တွေ့ရတဲ့ RMX2194 ကလည်း Realme ရဲ့ C စီးရီးထဲမှာ နောက်ထပ်တွေ့ရမယ့် မော်ဒယ်သစ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဟန်းဆက်ကို Geekbench မှာတောင်တွေ့မြင်ရပြီဖြစ်တဲ့အတွက် သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကို သိလာရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena