အမည်မသိရသေးတဲ့ Vivo စမတ်ဖုန်းတစ်လုံးကို Geekbench ပေါ်မှာ တွေ့မြင်လာရပါတယ်။ မော်ဒယ်နံပါတ်ကတော့ V2012A ဖြစ်ပါတယ်။ ဒီမော်ဒယ်နံပါတ်နဲ့တွဲပြီး အမျိုးအမည်ကို ဖော်ပြနိုင်ဖို့တော့ ကြိုးစားနေဆဲပါ။ ဒါကြောင့် V2012A နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကိုပဲ ဖော်ပြနိုင်သေးတာ ဖြစ်ပါတယ်။

V2012A ဟာ Android 10 မောင်းနှင်ထားတာပါ။ မန်မိုရီ 8GB of RAM onboard ပါဝင်တာဖြစ်ပြီး Qualcomm Chipset ကို အသုံးပြုထားတာပါ။ Base frequency က 1.8GHz octa-core processor ဖြစ်တာကိုလည်း တွေ့ရပါတယ်။ ခန့်မှန်းတွက်ချက်မှုတွေအရ Snapdragon 765G ဖြစ်နိုင်ခြေများတယ်လို့ ဆိုရပါလိမ့်မယ်။

အခြားတစ်ဘက်ကိုကြည့်ရင် Vivo Z6 5G ဟာ အလားတူ Chipset ဖြစ်တဲ့ Snapdragon 765G ကို အသုံးပြုထားတာ တွေ့မြင်ရပါလိမ့်မယ်။ ဒါကြောင့် V2012A ဟာလည်း 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ ဟန်းဆက်အမျိုးအစား ဖြစ်နိုင်တယ်လို့ ယေဘုယျအားဖြင့် ကောက်ချက်နိုင်ပါတယ်။

V2012A နဲ့ပတ်သက်ပြီ အသေးစိတ်အချက်အလက်တွေက များများစားစားပြောစရာမရှိတဲ့အတွက် သဲလွန်စပျောက်သလိုတော့ ဖြစ်နေပါတယ်။ ဒီဟန်းဆက်ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာရောင်းချနေတဲ့ Z6 5G Global version လား၊ ဒါမှမဟုတ် နောက်ထပ် စမတ်ဖုန်းသစ်တစ်ခုအနေနဲ့ ထွက်ပေါ်လာမလားဆိုတာကိုသိရဖို့ ရက်အနည်းငယ် စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Ref: GSM Arena