Honor ဟာ 10,000mAh ဘက်ထရီပါတဲ့ ဖုန်းတွေကို မိတ်ဆက်ထားတဲ့ တစ်ခုတည်းသော mainstream စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်ပါတယ်။ ၂၀၂၅ ဒီဇင်ဘာလတုန်းက flagship အဆင့် specs တွေနဲ့ 10,000mAh ဘက်ထရီပါဝင်တဲ့ Honor Win နဲ့ Win RT ကို မိတ်ဆက်ခဲ့သလို ဒီလအစောပိုင်းမှာလည်း mid-range ဖြစ်တဲ့ Honor Power 2 ကို မိတ်ဆက်ခဲ့ပါတယ်။ အခု ပေါက်ကြားလာတဲ့ သတင်းသစ်အရ ကုမ္ပဏီဟာ နောက်ထပ် 10,000mAh ဘက်ထရီပါ ဖုန်းတစ်လုံးကို ထပ်ထုတ်ဖို့ ပြင်ဆင်နေပြီး ဒါဟာ ဈေးအသက်သာဆုံး ဖြစ်လာဖို့ ရှိပါတယ်။

Tipster Digital Chat Station ရဲ့ ပြောကြားချက်အရ 10,000mAh ဘက်ထရီပါဝင်မယ့် ဒီဖုန်းဟာ Honor X80 ဖြစ်ပါတယ်။ ဒီဖုန်းမှာ 1.5K resolution ထောက်ပံ့ပေးထားတဲ့ ၆.၈၁ လက်မအရွယ် LTPS OLED မျက်နှာပြင် ပါဝင်မှာဖြစ်ပြီး ဘေးဘောင်အကွေးမဟုတ်ဘဲ ဒေါင့်အကွေး ဒီဇိုင်းနဲ့ flat panel အမျိုးအစား ဖြစ်မယ်လို့ သိရပါတယ်။

Honor X70 launch date-

အတွင်းပိုင်းမှာတော့ Honor X80 ဟာ Snapdragon 7-series chipset ကို သုံးထားမှာဖြစ်ပါတယ်။ Tipster က စွမ်းအင်သုံးစွဲမှုသက်သာတဲ့ low-power variant လို့ ပြောထားတာကြောင့် Snapdragon 7 Gen 4 ဖြစ်ဖို့မရှိဘဲ Snapdragon 7s Gen 4 ကို သုံးထားဖို့ များနေပါတယ်။ တခြားဖုန်းကုမ္ပဏီတွေကလည်း ဒီနှစ်ကုန်လောက်မှာ 10,000mAh ဘက်ထရီပါ ဖုန်းတွေကို မိတ်ဆက်လာဖွယ် ရှိပါတယ်။

Tipster က တခြားအသေးစိတ်အချက်အလက်တွေကို ထုတ်မပြောခဲ့ပေမယ့် ဈေးနှုန်းကတော့ ယွမ် ၁,၀၀၀ (ဒေါ်လာ ၁၄၀ ဝန်းကျင်) လောက်ပဲ ရှိမယ်လို့ ဆိုပါတယ်။ Honor X80 ထွက်လာမယ့် အချိန်ကိုတော့ အတိအကျ မသိရသေးပါဘူး။ Snapdragon 6 Gen 4 နဲ့ 8,300mAh ဘက်ထရီပါဝင်တဲ့ အရင်မော်ဒယ် Honor X70 တုန်းကတော့ ၂၀၂၅ ဇူလိုင်လမှာ မိတ်ဆက်ခဲ့တာပါ။ ဒါကြောင့် ဒီဖုန်းကို အရင်လိုပဲ ဇူလိုင်လမှာ မိတ်ဆက်မလား၊ ၆ လတစ်ကြိမ် cycle အတိုင်း ဖေဖော်ဝါရီလထဲမှာပဲ စောပြီးမိတ်ဆက်မလားဆိုတာတော့ မသေချာသေးပါဘူး။

Ref : gizmochina