Zawgyi

iPhone XR ကို iPhone XS နဲ႕ iPhone XS Max တို႔ရဲ႕ ေစ်းသက္သာတဲ့ ဗားရွင္းအေနနဲ႕ မႏွစ္က မိတ္္ဆက္ခဲ့တာပါ။ iPhone XR မွာ ပိုေစ်းႀကီးတဲ့ iPhone XS တို႔လို OLED Display ကို မသုံးထားပဲ LCD Display ကိုသာ အသုံးျပဳထားပါတယ္။ ကင္မရာအပိုင္းမွာလည္း iPhone XR လို ကင္မရာ ႏွစ္လုံးမဟုတ္ပဲ တစ္လုံးတည္းကိုပဲ အသုံးျပဳထားပါတယ္။ ဒါေပမယ့္iPhone XR မွာ အသုံးျပဳထားတဲ့ ပရိုဆက္ဆာကေတာ့ iPhone XS လိုပဲ A12 Bionic ကို အသုံးျပဳထားတာေၾကာင့္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ အတူတူပါပဲ။ iPhone XR ဟာ ထင္ထားသေလာက္ ေရာင္းအားမေကာင္းခဲ့ေပမယ့္ A12 Bionic ကို ေစ်းသက္သက္သာသာနဲ႕ သုံးခ်င္သူေတြ အတြက္ေတာ့ အေတာ္ေလး အဆင္ေျပခဲ့ပါတယ္။ အခုေနာက္ဆုံးထြက္လာခဲ့တဲ့ 3D ပုံရိပ္ေတြအရေတာ့ Apple ရဲ႕ ေနာက္ထုတ္မယ့္ 2019 iPhone XR ရဲ႕ အခ်က္အလက္တစ္ခ်ိဳ႕ကို ခန႔္မွန္းလို႔ရပါၿပီ။

အဆိုပါ 3D ပုံရိပ္ေတြဟာ OnLeaks ကေန ေပါက္ၾကားလာတာပါ။ ပုံရိပ္ေတြအရ Apple ဟာ ဒီတစ္ေခါက္မွာလည္း iPhone XR အသစ္ကို အေရာင္ေတာက္ေတာက္ေလးေတြနဲ႕ ထုတ္မွာပါ။ ေပါက္ၾကားလာတဲ့ ပုံေတြမွာ iPhone XR ကို အျပာ၊ အဝါနဲ႕ အနီေရာင္ေတြနဲ႕ ျမင္ေတြ႕ရပါတယ္။ ဖုန္းရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္ကေတာ့ ေျပာင္းလဲမႈ လုံးဝမရွိတာကို ေတြ႕ရမွာပါ။ အရင္ iPhone XR လိုပဲ 6.1-inches ရွိတဲ့ မ်က္ႏွာျပင္ကိုပဲ တပ္ဆင္ေပးထားၿပီး က်ယ္ျပန႔္တဲ့ Notch ႀကီးကို ေတြ႕ရပါတယ္။ အေရွ႕ဘက္မွာ ေျပာင္းလဲမႈ တစ္စုံတစ္ရာ မေတြ႕ရေပမယ့္ ေနာက္ေက်ာဘက္ကို ၾကည့္လိုက္တဲ့ အခါမွာေတာ့ ထူးျခားတာ တစ္ခုကိုေတြ႕ရမွာပါ။ Apple ဟာ 2019 iPhone XR မွာ ေနာက္ေက်ာဘက္ ကင္မရာ ႏွစ္လုံး ထည့္ေပးထားမွာပါ။ ကင္မရာ ႏွစ္လုံးကို Mate 20 လိုပဲ ေလးေထာင့္အကြက္ေလးထဲမွာ တပ္ဆင္ေပးထားပါတယ္။

အဆိုပါ အခ်က္အရ Apple ကေနာက္ထုတ္မယ့္ iPhone XS အသစ္ (သို႔မဟုတ္) iPhone XI မွာ ကင္မရာ သုံးလုံးတြဲ ထည့္သြင္းေပးလာနိုင္တယ္ဆိုတဲ့ သတင္းကို အတည္ျပဳလို႔ရနိုင္ပါၿပီ။ ေစ်းသက္သာတဲ့ iPhone XR မွာ ကင္မရာ ႏွစ္လုံးတြဲ ထည့္သြင္ေပးလာတဲ့အတြက္ ေစ်းပိုႀကီးတဲ့ iPhone XI ကို ကင္မရာ အပိုတစ္ခုတပ္ဆင္ေပးၿပီး iPhone XS တဲ့ ပိုေကာင္းတဲ့ ကင္မရာ စနစ္အသစ္တစ္ခုကို မိတ္ဆက္ေတာ့မွာကေတာ့ ေသခ်ာသေလာက္ပါပဲ။ 2019 iPhone အသစ္ ေတြအကုန္လုံးမွာ A13 Bionic Chip ကို တပ္ဆင္ေပးထားမွာ ျဖစ္ၿပီး 18 W Charger လည္းပါဝင္လာမယ္လို႔ ဆိုပါတယ္။ ဒီအတိုင္းသာဆိုရင္ေတာ့ 2019 iPhone ေတြဟာ စိတ္ဝင္စားဖို႔ေကာင္းေနပါၿပီ။

Ref: GizmoChina

Unicode

iPhone XR 2019 အကြောင်းသိရသမျှ နောက်ဆုံး အချက်များ

iPhone XR ကို iPhone XS နဲ့ iPhone XS Max တို့ရဲ့ စျေးသက်သာတဲ့ ဗားရှင်းအနေနဲ့ မနှစ်က မိတ််ဆက်ခဲ့တာပါ။ iPhone XR မှာ ပိုစျေးကြီးတဲ့ iPhone XS တို့လို OLED Display ကို မသုံးထားပဲ LCD Display ကိုသာ အသုံးပြုထားပါတယ်။ ကင်မရာအပိုင်းမှာလည်း iPhone XR လို ကင်မရာ နှစ်လုံးမဟုတ်ပဲ တစ်လုံးတည်းကိုပဲ အသုံးပြုထားပါတယ်။ ဒါပေမယ့်iPhone XR မှာ အသုံးပြုထားတဲ့ ပရိုဆက်ဆာကတော့ iPhone XS လိုပဲ A12 Bionic ကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာတော့ အတူတူပါပဲ။ iPhone XR ဟာ ထင်ထားသလောက် ရောင်းအားမကောင်းခဲ့ပေမယ့် A12 Bionic ကို စျေးသက်သက်သာသာနဲ့ သုံးချင်သူတွေ အတွက်တော့ အတော်လေး အဆင်ပြေခဲ့ပါတယ်။ အခုနောက်ဆုံးထွက်လာခဲ့တဲ့ 3D ပုံရိပ်တွေအရတော့ Apple ရဲ့ နောက်ထုတ်မယ့် 2019 iPhone XR ရဲ့ အချက်အလက်တစ်ချို့ကို ခန့်မှန်းလို့ရပါပြီ။

အဆိုပါ 3D ပုံရိပ်တွေဟာ OnLeaks ကနေ ပေါက်ကြားလာတာပါ။ ပုံရိပ်တွေအရ Apple ဟာ ဒီတစ်ခေါက်မှာလည်း iPhone XR အသစ်ကို အရောင်တောက်တောက်လေးတွေနဲ့ ထုတ်မှာပါ။ ပေါက်ကြားလာတဲ့ ပုံတွေမှာ iPhone XR ကို အပြာ၊ အဝါနဲ့ အနီရောင်တွေနဲ့ မြင်တွေ့ရပါတယ်။ ဖုန်းရဲ့ အရှေ့ဘက် မျက်နှာပြင်ကတော့ ပြောင်းလဲမှု လုံးဝမရှိတာကို တွေ့ရမှာပါ။ အရင် iPhone XR လိုပဲ 6.1-inches ရှိတဲ့ မျက်နှာပြင်ကိုပဲ တပ်ဆင်ပေးထားပြီး ကျယ်ပြန့်တဲ့ Notch ကြီးကို တွေ့ရပါတယ်။ အရှေ့ဘက်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာ မတွေ့ရပေမယ့် နောက်ကျောဘက်ကို ကြည့်လိုက်တဲ့ အခါမှာတော့ ထူးခြားတာ တစ်ခုကိုတွေ့ရမှာပါ။ Apple ဟာ 2019 iPhone XR မှာ နောက်ကျောဘက် ကင်မရာ နှစ်လုံး ထည့်ပေးထားမှာပါ။ ကင်မရာ နှစ်လုံးကို Mate 20 လိုပဲ လေးထောင့်အကွက်လေးထဲမှာ တပ်ဆင်ပေးထားပါတယ်။

အဆိုပါ အချက်အရ Apple ကနောက်ထုတ်မယ့် iPhone XS အသစ် (သို့မဟုတ်) iPhone XI မှာ ကင်မရာ သုံးလုံးတွဲ ထည့်သွင်းပေးလာနိုင်တယ်ဆိုတဲ့ သတင်းကို အတည်ပြုလို့ရနိုင်ပါပြီ။ စျေးသက်သာတဲ့ iPhone XR မှာ ကင်မရာ နှစ်လုံးတွဲ ထည့်သွင်ပေးလာတဲ့အတွက် စျေးပိုကြီးတဲ့ iPhone XI ကို ကင်မရာ အပိုတစ်ခုတပ်ဆင်ပေးပြီး iPhone XS တဲ့ ပိုကောင်းတဲ့ ကင်မရာ စနစ်အသစ်တစ်ခုကို မိတ်ဆက်တော့မှာကတော့ သေချာသလောက်ပါပဲ။ 2019 iPhone အသစ် တွေအကုန်လုံးမှာ A13 Bionic Chip ကို တပ်ဆင်ပေးထားမှာ ဖြစ်ပြီး 18 W Charger လည်းပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒီအတိုင်းသာဆိုရင်တော့ 2019 iPhone တွေဟာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref: GizmoChina