House Financial Services Committee ဟာ Cryptocurrency ကိုထိန်းညှိဖို့အတွက် အဆိုပြုထားတဲ့ ဥပဒေမူကြမ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆက်ပြီးညှိနှိုင်းနေကြပါတယ်။ US Crypto Law ရဲ့ နောက်ဆုံးမူကြမ်းအရ TerraUSD (UST) လိုမျိုး Stablecoin တွေကို ၂ နှစ်လောက် ပိတ်ပင်နိုင်ဖွယ် ရှိလာတယ်လို့ Bloomberg က ရေးသား ဖော်ပြလိုက်ပါတယ်။

စည်းမျဉ်းအေဂျင်စီတွေဟာ “Endogenously collateralized” တိုကင်တွေကို လေ့လာမှုပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ “Endogenously” ဆိုတာဟာ သက်ရှိ ဒါမှမဟုတ် စနစ်အတွင်းက ထုတ်လုပ်တာ၊ ဒါမှမဟုတ် ပေါင်းစပ်ထားတဲ့ အရာဖြစ်ပါတယ်။ TerraUSD နဲ့ Luna တို့ဟာ မေလမှာ ပြိုမဆင်းခင်က ဖန်တီးသူတွေဟာ TerraUSD ကို $1 မှာ တည်ငြိမ်နေအောင်လို့ ပြုလုပ်ခဲ့ကြပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ ဒေါ်လာ ဘီလီယံ ၄၀ ကျော် အငွေ့ပျံသွားပြီးပြိုကျသွားတာဟာ Crypto ဝေဖန်ရေးသမားတွေအတွက် အကွက်ဆိုက်သွားသလို ဥပဒေပြုသူတွေနဲ့ စည်းကမ်းထိန်းသိမ်းသူတွေရဲ့ စိတ်ပါဝင်စားမှုကိုလည်း ပြင်းထန်လာစေပါတယ်။ Bloomberg ကတော့ လက်ရှိမှာ ကော်မတီဥက္ကဋ္ဌ Rep. Maxine Waters ဟာ သူ့အဖွဲ့ဝင်တွေနဲ့အတူ နောက်ဆုံးမူကြမ်းကို ပြန်လည်သုံးသပ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ကော်မတီဟာ လာမဲ့ရက်သတ္တပတ်အတွင်း ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်နိုင်တယ်လို့ သိရပါတယ်။ Crypto Space ကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိုပြီးတင်းကျပ်ထိန်းသိမ်းဖို့ တောင်းဆိုရာမှာ TerraUSD ရဲ့ ပြိုလဲမှုကို အကြိမ်ကြိမ် ကိုးကားခဲ့ကြတာလည်း ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ Stablecoins တွေဟာ အရန်ပိုင်ဆိုင်မှုအင်အားနဲ့ အပြည့်အဝကျောထောက်နောက်ခံထားတာမဟုတ်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အကာအကွယ်ကင်းမဲ့နိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဘဏ္ဍာရေးတည်ငြိမ်မှုကိုလည်း ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

Ref: Decrypt