အမေရိကန် သမ္မတ ထရမ့်က ဒီလ ၂၀ ရက်နေ့မှာ သမ္မတ သက်တမ်း ကုန်တော့မှာ ဖြစ်ပြီး သက်တမ်း မကုန်ခင်လေးမှာ တရုတ်ကို ရသလောက် ဆော်သွားပါသေးတယ်။ ထရမ့်က အမေရိကန်မှာ တရုတ် App ၈ ခုကို ပိတ်ပင်တဲ့ အမိန့်ကို လက်မှတ်ထိုးလိုက်ပြီး နိုင်ငံလုံခြုံရေးအတွက်လို့ အကြောင်းပြပါတယ်။ အဲဒီ App တွေဟာ သုံးစွဲသူတွေရဲ့ Device တွေထဲက အရေးကြီး သတင်းအချက်အလက်တွေကို ခိုးယူနိုင်တယ်လို့ စွပ်စွဲထားပါတယ်။ အမေရိကန် အစိုးရရဲ့ ဝန်ထမ်းတွေဆီကနေ သတင်းတွေ ပေါက်ကြားမှာ စိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်လည်း ပါပါတယ်။

WeChat Pay is expanding in Thailand

ပိတ်ပင်လိုက်တဲ့ App တွေက Tencent QQ, CamScanner, SHAREit, VMate, Alipay, QQ Wallet, WeChat Pay နဲ့ WPS Office တို့ ဖြစ်ပြီး တကယ့် နာမည်ကြီး App တွေ ဖြစ်ပါတယ်။ နောက် ၄၅ ရက်ကြာပြီးနောက် အမေရိကန် Google Play Store ကနေ အဲဒီ App တွေကို ဖျက်တော့မှာပါ။

China's central bank considers antitrust probe into Alipay and WeChat Pay

အမေရိကန် အစိုးရက အဲဒီ ကုမ္ပဏီတွေဟာ ဒေတာတွေကို တရုတ် အစိုးရထံခိုးယူပေးမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။ TikTok နဲ့ Huawei တို့ကိုလည်း အဲဒီ အကြောင်းပြချက်နဲ့ပဲ အမေရိကန်မြေပေါ်ကနေ နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် လှည့်ကွက်လေး ၁ ခု ဖြစ်လာနိုင်စရာရှိပါတယ်။ ထရမ့်ရဲ့ အမိန့်ဟာ သူ သမ္မတ သက်တမ်း ကုန်ဆုံးပြီးနောက် ဂျိုးဘိုင်ဒင် သမ္မတ ဖြစ်လာတဲ့အချိန်ကျမှ အကျိုးသက်ရောက်မှာပါ။ အဲဒီအတွက် ဘိုင်ဒင် လက်ထပ်မှာ အဲဒီ App တွေ အမေရိကန်မြေမှာ ဆက်လက်ရှင်သန်ခွင့်ရသွားနိုင်ပါတယ်။ ဘိုင်ဒင်ဟာ တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲကို ဆက်တိုက်မလား ၊ အဆုံးသတ်မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

Ref : gsmarena