Meta နဲ့ Google ပိုင် YouTube တို့ဟာ ကလေးတွေကို စွဲလမ်းမှုဖြစ်စေဖို့ တမင်ဖန်တီးထားတယ်လို့ တရားလိုရှေ့နေက Los Angeles မှာ ပြုလုပ်တဲ့ တရားခွင်မှာ ပြောကြားလိုက်ပါတယ်။ လူမှုကွန်ရက်တွေက ကလေးတွေအပေါ် သက်ရောက်မှုရှိတယ်ဆိုတဲ့ ဒီအမှုဟာ California တရားရုံးမှာ အလေးအနက်ထား စစ်ဆေးနေတဲ့ သမိုင်းဝင် အမှုတစ်ခုလည်း ဖြစ်ပါတယ်။

Himanta Biswa Sarma Vs Gaurav Gogoi: Assam Potboiler Heats Up

ရှေ့နေ Mark Lanier က ဒီအမှုဟာ သမိုင်းတစ်လျှောက် အချမ်းသာဆုံး ကော်ပိုရေးရှင်းကြီးနှစ်ခုက ကလေးတွေရဲ့ ဦးနှောက်ကို စွဲလမ်းစေဖို့ စက်ပစ္စည်းတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တာဖြစ်ကြောင်း ဂျူရီလူကြီးတွေကို ရှင်းပြခဲ့ပါတယ်။ စွဲလမ်းမှုဆိုတာ အကျိုးအမြတ်များတာကြောင့် ကုမ္ပဏီတွေက မတော်တဆမဟုတ်ဘဲ တမင်ရည်ရွယ်ပြီး ဒီလိုလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

US trial lawyer says Meta, YouTube 'engineered addiction' in children | The  Australian

Los Angeles တရားရုံးမှာ စစ်ဆေးနေတဲ့ ဒီအမှုဟာ ငယ်စဉ်ကတည်းက လူမှုကွန်ရက်ကို စွဲလမ်းခဲ့ပြီး ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားခဲ့ရတဲ့ Kayley G.M. ဆိုသူ အသက် ၂၀ အရွယ် အမျိုးသမီးရဲ့ စွပ်စွဲချက်တွေကို အဓိကထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Instagram ဟာ အဆုံးမရှိတဲ့ feed တွေနဲ့ လူတွေရဲ့ ပြုပြင်ဖန်တီးထားတဲ့ ဘဝတွေကို ပြသပြီး သုံးစွဲသူတွေကို ဆွဲဆောင်ထားသလို YouTube ကလည်း နောက်ထပ် ဗီဒီယိုတွေကို အလိုအလျောက် ဆက်လက်ပြသတဲ့ algorithm ကို သုံးထားတယ်လို့ ရှေ့နေက ထောက်ပြထားပါတယ်။ ဒါဟာ သုံးစွဲသူတွေ ကိုယ်တိုင် ရှာဖွေတာမျိုး မလုပ်ရင်တောင် ဆက်လက်ကြည့်ရှုနေစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။

Ref : Bangkokpost