တရုတ် ကုမ္ပဏီ တစ်ခုရဲ့ နှစ်ကုန် ဝန်ထမ်းတွေကို ဘောနပ်စ်ပေးတဲ့ နည်းလမ်းဟာ အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။

ကရိန်းတွေကို ထုတ်လုပ်ရောင်းချတဲ့ Henan Mining Crane Company ဟာ ဒေါ်လာ ၁၁ သန်းကို စားပွဲခုံတွေပေါ်မှာ တင်ပြီး ၁၅ မိနစ်အတွင်း ရနိုင်သလောက်ယူဖို့ ဝန်ထမ်းတွေကို ဘောနပ်စ်ပေးခဲ့ပါတယ်။

အဲဒီ ဗီဒီယိုကို တရုတ် လူမှုကွန်ရက်တွေ ဖြစ်တဲ့ Douyin နဲ့ Weibo မှာ မျှဝေထားပြီး နောက်ပိုင်းမှာ Instagram နဲ့ X ကို ရောက်လာပါတယ်။

'Take As Much As You Can Count': Company Offers Rs 70 Crore Bonus To Employees

ဗီဒီယိုမှာ ငွေအပုံလိုက်ကြီးကို စားပွဲခုံတွေပေါ်မှာ တင်ထားပြီး ဝန်ထမ်းတွေက အလုအယက် ယူနေကာ အိတ်တွေထဲ ထည့်နေကြတာကို မြင်ရပါတယ်။ ဝန်ထမ်း တစ်ယောက်ဆိုရင် ၁၅ မိနစ်အတွင်း တရုတ် ယွမ်ငွေ ၁၀၀,၀၀၀ အထိ ရသွားတယ်လို့ သိရပါတယ်။

ဒီဗီဒီယိုဟာ အွန်လိုင်းမှာ နာမည်ကြီးသွားပြီး လူတော်တော်များများက သဘောကျနေကြပါတယ်။ တချို့ကတော့ ဒါဟာ အတုအယောင်လို့ ဝေဖန်နေကြပါတယ်။

ဒီလို ဘောနပ်စ်ပေးတဲ့ နည်းလမ်းဟာ တကယ်လား ၊ နာမည်ကြီးအောင် စတန့်ထွင်တာလား မသိပေမယ့် လူတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။

Ref : indiatoday