Google ကနေ လက်ရှိအချိန်မှာ မော်တော်ကားတွေအတွက် Android Auto အပြင် ပိုပြီးအဆင့်မြင့်ထားတဲ့ Android Automotive Operating System တစ်ခုကိုပါ ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Android Automotive OS ကို အသုံးပြုထားတဲ့ မော်တော်ကားတွေကတော့ နည်းပါးနေပါသေးတယ်။

အခုအချိန်မှာတော့ အဆိုပါ Android Automotive OS အတွက် Web Browser ကို Vivaldi ကနေ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Vivaldi ဟာ လက်ရှိ ကွန်ပျူတာတွေအပြင် စမတ်ဖုန်းတွေအတွက်ပါ Web Browser ထုတ်ပေးထားတာဖြစ်ပြီး Privacy ပိုင်းကောင်းမွန်တဲ့အပြင် Customize ပြုလုပ်နိုင်စွမ်းမြင့်မားတာကြောင့် လူကြိုက်များနေတဲ့ Browser တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ Android Automotive OS ကို အသုံးပြုထားတဲ့ Polestar 2 လျှပ်စစ်ကားမှာ အဆိုပါ Vivaldi Browser ကို Download ရယူအသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။ Vivaldi ရဲ့ပြောကြားချက်အရတော့ လုံခြုံရေးကို အထူးဦးစားပေးထားပြီး ကားကို ပါကင်ထိုးထားတဲ့အချိန်မှာပဲ အသုံးပြုနိုင်စေမှာပါ။ ဒါတင်မဟုတ်သေးဘဲ Video တစ်ခုခုကို ကြည့်နေတယ်ဆိုရင်လည်း ကားမောင်းလိုက်တာနဲ့ Video ကို Audio သီးသန့်အနေနဲ့ပဲ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

တကယ်လို့ Private Tab အနေနဲ့ Web Browsing ပြုလုပ်မယ်ဆိုရင်လည်း ကုမ္ပဏီကနေ အဆိုပါ Data တွေကို သိမ်းဆည်းထားမှာမဟုတ်ဘူးလို့ သိရပြီးတော့ တခြား ကွန်ပျူတာက Information တွေကို Sync လုပ်ချင်တယ်ဆိုရင်လည်း Vivaldi Account ဝင်ရောက်ပြီး ပြုလုပ်နိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ မော်တော်ကားပေါ်က Entertainment စနစ်တွေလည်း စမတ်ဖုန်းတစ်လုံးသုံးနေရသလိုအထိ အဆင့်မြင့်လာမှာဖြစ်ပါတယ်။

Ref – Engadget