Vivo ရဲ့ APEX Series စမတ်ဖုန်းတွေဟာ Vivo အတွက် Innovative အဖြစ်ဆုံး Feature အသစ်တွေပါဝင်တဲ့ စမတ်ဖုန်း Series တွေဖြစ်ပါတယ်။ အခုလည်း ဒီနှစ်အတွင်းမှာ Vivo ကနေ APEX 2020 Concept စမတ်ဖုန်းကို Mobile World Congress Event မှာ မိတ်ဆက်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Mobile World Congress Event ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုံးဝဖျက်သိမ်းလိုက်ရပြီဖြစ်သလို Vivo အနေနဲ့ APEX 2020 Concept ကို မိတ်ဆက်မယ့်အချိန်ကိုလည်း ရွေ့ဆိုင်းခဲ့လိုက်ရပါတယ်။ အခုအချိန်မှာတော့ Vivo ကနေ အဆိုပါ APEX 2020 ဖုန်းကို မိတ်ဆက်မယ့်အချိန်ကို ပြန်လည်ကြေညာလိုက်ပါတယ်။

အခု Vivo ရဲ့ ထုတ်ပြန်ချက်အရ Vivo APEX 2020 Concept စမတ်ဖုန်းဟာ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ တရုတ်နိုင်ငံ Bejing မြို့မှာပဲ မိတ်ဆက်သွားဖြစ်ပါတယ်။

Vivo ကနေ APEX 2020 ဖုန်းနဲ့ ပတ်သက်ပြီးတော့ Teaser ဓါတ်ပုံ ၂ ပုံကို ဖော်ပြခဲ့ပြီးတော့ ပထမတစ်ပုံမှာ Periscope Camera Design အသစ်ကို ပြသထားသလို ဒုတိယပုံမှာတော့ 120Hz Refresh Rate ကို ရည်ရွယ်နိုင်တဲ့ 120 စာတန်းကို ဖော်ပြထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Vivo APEX Series ဖုန်းဖြစ်တဲ့အတွက် ဒီ APEX 2020 Concept စမတ်ဖုန်းမှာ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာနိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China