vivo ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ထွက်ရှိခဲ့တဲ့ G2 ရဲ့ နောက်မျိုးဆက်ဖြစ်တဲ့ G3 ဖုန်းကို ဒီနေ့မှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.74 လက်မအရွယ် 720×1600 resolution ရှိတဲ့ LCD display ကို သုံးထားပြီး 90 Hz refresh rate ပါဝင်ပါတယ်။ ကျောဘက်မှာ 13 MP ကင်မရာတစ်လုံး၊ selfie အတွက် 5 MP ကင်မရာတစ်လုံးနဲ့ 44W wired charging စနစ်ပါဝင်တဲ့ 6,000 mAh ဘက်ထရီတို့ကို တပ်ဆင်ပေးထားပါတယ်။

vivo G3 is official with 6,000 mAh battery - GSMArena.com news

ဒီဖုန်းကို MediaTek Dimensity 6300 SoC နဲ့ အားဖြည့်ပေးထားပြီး RAM 6GB ဒါမှမဟုတ် 8GB နဲ့ storage 128GB ဒါမှမဟုတ် 256GB ဗားရှင်းတွေနဲ့ တွဲဖက်ရရှိနိုင်မှာပါ။ ဖုန်းရဲ့အတိုင်းအတာက 167.3 x 76.95 x 8.19 mm ရှိပြီး အလေးချိန်ကတော့ ၂၀၄ ဂရမ် ဖြစ်ပါတယ်။ ပါဝါခလုတ်မှာ ထည့်သွင်းတည်ဆောက်ထားတဲ့ ဘေးဘက်လက်ဗွေစနစ်လည်း ပါဝင်ပါတယ်။

vivo G3 is official with 6,000 mAh battery - GSMArena.com news

ဒီဖုန်းကို တရုတ်နိုင်ငံမှာ အနက်ရောင်တစ်မျိုးတည်းနဲ့ ရောင်းချပြီး RAM 6GB နဲ့ storage 128GB ပါတဲ့ မော်ဒယ်ကို တရုတ်ယွမ် ၁,၄၉၉ (ခန့်မှန်းခြေ ဒေါ်လာ ၂၀၈) သတ်မှတ်ထားပါတယ်။ RAM 8GB နဲ့ storage 256GB ပါတဲ့ မော်ဒယ်ကိုတော့ တရုတ်ယွမ် ၁,၉၉၉ (ဒေါ်လာ ၂၇၈) နဲ့ ရောင်းချပါတယ်။ ဒီဖုန်းကို တခြားနိုင်ငံတွေမှာ ရောင်းချသွားမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref : gsmarena