Vivo ရဲ့ Gaming Branch ဖြစ်တဲ့ iQOO က 5G နဲ့ Dimensity 1000+ Chipset ပါတဲ့ Z1 ကို ကြေညာထားပါတယ်။ အဲဒီ စမတ်ဖုန်းကို ရောင်းပေးထားပြီ ဖြစ်ပြီး အခုတော့ ဝီဘိုကနေ Vivo iQOO Z1X ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ အဲဒီ ဖုန်းဟာ ဈေးပိုချိုနိုင်ပြီး Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

အဲဒီ ဖုန်းရဲ့ ဝီဘိုက ပို့စ်ကို နောက်ပိုင်းမှာ ဖျက်လိုက်ပေမယ့် Digital Chat Station က အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို အမိအရ ယူနိုင်ခဲ့ပါတယ်။ Vivo က iQOO Z1X ကို ဇွန်လမှာ ကြေညာဖို့ ပြင်ဆင်နေပြီး iQOO Z1 ထက် ဈေးသက်သာတဲ့ မော်ဒယ် ဖြစ်လာမှာပါ။ တရုတ်မှာ Snapdragon 765G Chipset ပါတဲ့ စမတ်ဖုန်းတွေ များစွာ ထွက်ပေါ်နေပြီ ဖြစ်တဲ့အတွက် iQOO ကလည်း အဲဒီ ဖုန်းတွေကို လိုက်ယှဉ်ပြိုင်မှာပါ။

AnTuTu Benchmark က စာရင်းအရ အဲဒီ Qualcomm Chipset ဟာ Dimensity 1000 ထက် စွမ်းရည်ပိုမြင့်မားပြီး OS ချင်းတူနေရင်တောင် စုစုပေါင်း ရမှတ်မှာ ၁၅ ကနေ ၂၀ ရာခိုင်နှုန်း ကွာခြားတယ်လို့ သိရပါတယ်။

Ref : gsmarena