vivo က တန်ဖိုးနည်း Y37 5G ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ ဒီဇိုင်းလှပပြီး ပြားချပ်တဲ့ ဖရိမ်ကို အသုံးပြုထားပါတယ်။ 6.56” LCD Display တပ်ဆင်ထားပြီး Mediatek Dimensity 6300 Processor မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

Vivo Y37 5G

အနောက်ဘက်မှာ 10x Digital Zoom ရတဲ့ 13MP Main ကင်မရာ ပါလာပြီး ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပါတယ်။ 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ Android 14 အခြေပြု OriginOS 4  ပါပါတယ်။

Vivo Y37 5G Launched, comes with MediaTek Dimensity 6300 and 5000 mAh  Battery, Check all Details here: - web.techguyinsider.in

vivo Y37 5G အတွက် Memory Configuration များစွာ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့တကွအောက်မှာ လေ့လာနိုင်ပါတယ်။

4GB RAM + 128GB storage: 1,199 yuan

6GB RAM + 128GB storage: 1,499 yuan

8GB RAM + 128GB storage: 1,799 yuan

8GB RAM + 256GB storage: 1,999 yuan

12GB RAM + 256GB storage: 2,099 yuan

Ref : gizmochina