Vivo က အလန်းစား 5G ဖုန်း ဖြစ်တဲ့ Vivo NEX 3S 5G ကို မတ်လ ၁၀ ရက်နေ့က တရုတ်မှာ ကြေညာခဲ့ပြီး ၁၄ ရက်နေ့မှာ ရောင်းပေးလိုက်ပါပြီ။ အွန်လိုင်းရော မြေပြင်စတိုးတွေကနေပါ ရောင်းပေးလိုက်တာ ဖြစ်ပြီး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပါတယ်။ Qualcomm Snapdragon 865 Chipset မောင်းနှင်ထားပြီး ၆.၈၉ လက်မ Waterfall မျက်နှာပြင် တပ်ဆင်ထားပါတယ်။

အဲဒီ စမတ်ဖုန်းရဲ့ အလန်းဆုံး အစိတ်အပိုင်းက 64MP ပါတဲ့ အနောက်ကင်မရာ ဖြစ်ပါတယ်။ 8/256GB ကို ၄,၉၉၈ ယွမ်နဲ့ 12/512GB ကို ၅,၂၉၈ ယွမ် သတ်မှတ်ထားပြီး  မြန်မာငွေ ၉ သိန်း ၆ သောင်းနဲ့ ၁၀ သိန်း ၁ သောင်းလောက် ရှိပါတယ်။ Dual-mode 5G ၊ LPDDR5 နဲ့ UFS 3.1 Flash Memory တွေထောက်ပံ့ထားတဲ့အတွက် စွမ်းရည်မြင့် ဂိမ်းတွေ ကစားရင် အရမ်းမြန်သလို App တွေ သုံးရင်လည်း မြန်ဆန်သွက်လက်မှာပါ။ WiFi 6 စံနှုန်း၊ 3.5mm Headphone Jack နဲ့ NFC တွေ ပါပြီး 44W Super Flash Charge ပါတဲ့ 4,500mAh ဘက်ထရီ ပါလာပါတယ်။

မျက်နှာပြင်ကွေး ဖြစ်ပြီး Screen-to-body Ratio က ၉၉.၆ ရာခိုင်နှုန်းရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက အရမ်းလန်းပါတယ်။ ဘေးဘက်မှာ ဖိအား အာရုံခံ ခလုတ်တွေနဲ့ X-axis Linear Motors တွေ ထည့်ထားတဲ့အတွက် ထိတွေ့သုံးရတာ ကောင်းပါတယ်။  Vivo NEX 3S 5G မှာ Pop-up ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး အနောက်ကင်မရာတွေက 64MP Main , 13MP နဲ့ 13MP Wideangle Lens တွေ ဖြစ်ပါတယ်။

Ref : gizchina