တရုတ်နိုင်ငံ Shenzhen World Exhibition & Convention Center တွင် ကျင်းပပြုလုပ်သည့် 2020 Developer Conference တွင် vivo မှ ၎င်း၏ မဟာဗျူဟာမြောက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ecosystem များကိုမျှဝေပေးခဲ့ပြီး သုံးစွဲသူများနှင့် ဒီဂျစ်တယ်ကမ္ဘာတို့အကြား ပေါင်းကူးတံတားဖြစ်စေနိုင်မည့် စမတ်ဖုန်းဆက်သွယ်ရေးလည်ပတ်မှုစနစ်တစ်ခုဖြစ်သော OriginOS ကိုလည်း မိတ်ဆက်ပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် vivo ၏ Senior Vice-President ဖြစ်သူ Shi Yujian မှ “ကုမ္ပဏီအနေနဲ့ အနာဂတ်မှာ အစဉ်အမြဲဝယ်ယူအားပေးသူတွေရဲ့ လိုအပ်ချက်ကို အာရုံစိုက်ပြီးတော့ မူလအရင်းအမြစ်တွေကို ရှာဖွေဖော်ထုတ်သွားမှာပါ။ သုံးစွဲသူတွေကြိုက်နှစ်သက်တဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို နည်းလမ်းသုံးမျိုးနဲ့ အဓိကထားပြီး ချဉ်းကပ်ဆောင်ရွက်သွားပါမယ်။ ပေါင်းစပ်ထားတဲ့ဂေဟစနစ်တစ်ခုက developers အကြားမှာ အပြန်အလှန် အကျိုးကျေးဇူးတွေရရှိစေပြီးတော့ သုံးစွဲသူတွေနဲ့ ဒီဂျစ်တယ်ကမ္ဘာကြားမှာ ပေါင်ကူးတံတားတစ်ခု ဖြစ်လာစေခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း vivo သည် ပြီးပြည့်စုံသော ထုတ်ကုန်မှတဆင့် မတူကွဲပြားသည့် သုံးစွဲသူများအား ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ စမတ်ဖုန်းများ၊ စမတ်နာရီများနှင့် wireless earphones များ အပါအဝင် အမျိုးမျိုး သောထုတ်ကုန်များနှင့်အတူ vivo သည် သုံးစွဲသူများ၏ တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များပေါ်မူတည် ၍ ၎င်းတို့၏ဝန်ဆောင်မှုများကိုလည်း တိုးမြှင့်ပေးအပ်လာခဲ့သည်။ vivo သည် သုံးစွဲသူများအတွက် TV, PC နှင့် မော်တော်ယာဉ်အမှတ်တံဆိပ်များနှင့် ပူးပေါင်းပြီး ဘက်စုံအသုံးပြုနိုင်သည့် multi-screen အတွေ့အကြုံကိုလည်း ပေးအပ်နိုင်ခဲ့သည်။ ယခုဆိုလျှင် vivo သည် AR နည်းပညာသုံး မှန်များကဲ့သို့သော အခြားသော အသိဉာဏ် ရည်မြင့်မားသည့် ထုတ်ကုန်ပစ္စည်းများကို သုံးစွဲသူများအတွက် အတွေအကြုံကောင်းများ ပေးအပ်နိုင်စေရန်နှင့် ၎င်းတို့၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆက်လက်ဖန်တီးသွားမည်ဖြစ်သည်။

သုံးစွဲသူများ၏အတွေ့အကြုံ စဉ်ဆက်မပြတ် တိုးတက်လာခြင်းသည် vivo နှင့် ၎င်း၏မိတ်ဖက်များ အတူတကွ ကြိုးစားအားထုတ်မှုများနှင့် ခွဲခြား၍မရနိုင်ပါ။ vivo သည် နှစ်ဦးနှစ်ဖက်ကြား ပိုမိုကောင်းမွန်သော အနာဂတ် ရရှိနိုင်ရန်အတွက် ဒီဂျစ်တယ်ကမ္ဘာသို့ နက်ရှိုင်းသည့်ပေါင်းစည်းမှုတစ်ခုအဖြစ် တိုးမြှင့်ခဲ့ပြီး အပ်ပလီကေးရှင်း များဖန်တီးခြင်းနှင့် ဝန်ဆောင်မှုများအတွက် ဂေဟစနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ သုံးစွဲသူများနှင့် ဒီဂျစ်တယ်ကမ္ဘာအား ချိတ်ဆက်ပေးမည့်ပေါင်းကူးတံတားကို အဆင့်မြှင့်တင်ရန် vivo သည် developer များ၏ လုပ်ပိုင်ခွင့်ကိုအလေးပေးခြင်း၊ ဆက်သွယ်မှုများ၊ နည်းပညာလုပ်ဆောင်နိုင်စွမ်းများမြှင့်တင်ပေးခြင်းနှင့် IoT ecosystem များတည်ဆောက်ခြင်း စသည်များ ဆောင်ရွက်ထားရှိခဲ့သည်။

2020 Vivo Developer Conference တွင် vivo မှ ထုတ်ဖော်ပြသခဲ့သည့် OriginOS မှာ Android OS အသစ်ကို မူလလုပ်ဆောင်ချက်နှင့် စိတ်ကြိုက်ရွေးချယ်ထားသည့် ကွဲပြားခြားနားသော နည်းလမ်းနှစ်ခု ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ယင်းမှာ ၎င်း၏ ဖုန်းထုတ်လုပ်မှုများကိုတိုးမြှင့်လုပ်ဆောင်ခြင်းနှင့် ရှေ့ဆက်သွားမည့် သုံးစွဲသူ ဝန်ဆောင်မှု မဟာဗျူဟာမြောက်အစီစဉ်များကို ပြသလာခြင်းလည်းဖြစ်ပါသည်။

ဒီဇိုင်း၊ ချောမွေ့တောက်ပြောင်မှုနှင့် အဆင်ပြေလွယ်ကူမှု အစရှိသည့် စမတ်ဖုန်းအသုံးပြုသူများ၏ လိုလားချက် များအပေါ်အခြေခံ၍ OriginOS အရင်းအမြစ်ကို နယ်ပယ်သုံးခုဖြင့် ဗဟိုပြုဆောင်ရွက်ထားရှိသည်။ လက်ရှိတွင် ကျွန်တော်တို့၏ နေ့စဉ်ဘဝများကို စမတ်ဖုန်းများက လွှမ်းမိုးထားပြီး၊ နည်းပညာစိန်ခေါ်မှုများတိုးပွားလာခြင်း၊ သတင်းအချက်အလက်များစုပြုံနေခြင်းနှင့် အလားတူပြသနာများစွာကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ယင်း အချက်များမှာ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော စမတ်ဖုန်းတစ်လုံး၏ လည်ပတ်မှုစနစ်တစ်ခုဖြစ်ပေါ် လာနိုင်စေမည့်အရာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်နှင့် သီအိုရီပိုင်းဆိုင်ရာအချက်များ ပါဝင်လာမည် ဖြစ်သောကြောင့် သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။ ထိုကြောင့် OriginOS သည် နောက်ဆုံးပေါ် စမတ်ဖုန်းအတွေ့အကြုံများကို စိတ်လှုပ်ရှားဖွယ် ဒီဇိုင်းအသစ်များနှင့် ဖန်တီးထားပြီး ရင်းနှီး ကျွမ်းဝင်ပြီးသား features များဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။

လုပ်ဆောင်မှုမြန်ဆန်လွန်းသည့် OriginOS ကို အဆိုပါပွဲတွင် ထုတ်ဖော်ပြသခဲ့ပြီး အသုံးပြုသူများအနေဖြင့် ကျယ်ပြန့်လှသော software updates များကို ၎င်းတို့၏ vivo ဖုန်းများတွင် အလွယ်တကူ ရယူနိုင်တော့ မည်ဖြစ်သည်။ OriginOS တွင် အဆင့်မြင့် desktop information management system ထည့်သွင်းထားပြီး ယင်းစနစ်မှ အသုံးပြုသူများ နေ့စဉ်လိုအပ်သည့် ဝန်ဆောင်မှုများကို အဆင်ပြေချော့စွာပြုလုပ်နိုင်စေရန် ထောက်ပံ့ပေးမည်ဖြစ်သည်။ စမတ်ဖုန်း၏ အခြေခံအဆောက်အဦအတွင်း ရိုးရှင်းစွာ တွေ့ရှိရမည့်အရာသည် vivo ၏ မိတ်ဖက် developers များက မူလအခြေအနေများကို ပြန်လည်ဖန်တီးထားခြင်းဖြစ်ပြီး တူညီသော အုပ်စု တစ်ခုတည်းရှိ သုံးစွဲသူများအတွက် ပြဿနာများဖြေရှင်းပေးနိုင်သည့် စွမ်းဆောင်ရည်ရှိသည်။

အဆိုပါပွဲတွင် vivo သည် ၎င်း၏ နောက်ဆုံးပေါ်အဆင့်မြင့်ထားမှုများနှင့် မဟာဗျူဟာကျသည့် အပ်ပလီကေးရှင်း ဝန်ဆောင်မှု၊ မိုဘိုင်းလ်ဂိမ်းများ၊ စီးပွားရေးမိတ်ဖက်များ၊ ပွင့်လင်းမြင်သာသော နည်းပညာဖွံ့ဖြိုးမှုများနှင့် IoT ecosystem ကို ထုတ်ဖော်ပြသခဲ့ပါသည်။

Source – Vivo