vivo Pad Air ကို တရုတ်မှာ ကြေညာလိုက်ပြီး 11.5” 2.8K မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 3:2 Aspect Ratio , DCI-P3 Color Gamut နဲ့ 144Hz Adaptive Refresh Rate ထည့်သွင်းထားပါတယ်။ Snapdragon 870 Processor ကြောင့် စွမ်းဆောင်ရည် ကောင်းမွန်ပြီး 8GB RAM နဲ့ 128GB Storage ပါပါတယ်။

Vivo Pad Air

အရွယ်ကြီး 8,500mAh Battery တပ်ဆင်ထားပြီး 44W Fast Charging ထောက်ပံ့ထားပါတယ်။ စပီကာ ၄ လုံးနဲ့ အရွယ်ကြီး Sound Chamber တွေ ပါပါတယ်။ Super Audio Computed Sound Effects တွေကြောင့် ထူးခြားဆန်းသစ်တဲ့ အသံတွေကို ခံစားရမှာပါ။ vivo Pencil 2 နဲ့ တွဲဖက်သုံးနိုင်ပြီး မှတ်စုမှတ်သားတာ၊ ပုံဆွဲတာတွေ ပြုလုပ်နိုင်ပါတယ်။

Vivo Pad Air

Android 13 အခြေပြု OriginOS 3 မောင်းနှင်ထားပြီး တက်ဘလက်မှာ သုံးလို့ကောင်းအောင် ဖန်တီးထားပါတယ်။ User-friendly Interface ထည့်သွင်းထားပြီး အလွန်မိုက်တဲ့လုပ်ဆောင်ချက်တစ်ခုက တက်ဘလက်၊ ကွန်ပြူတာနဲ့ ဖုန်းတွေအကြားမှာ အလွန်တကူ မျှဝေနိုင်တာပါ။ တက်ဘလက်ဟာ ပါးလွှာ ပေါ့ပါးတဲ့အတွက် ကိုယ်နဲ့မကွာ ယူဆောင်သွားလို့ အဆင်ပြေပါတယ်။ လက်ဗွေရာ မထင်အောင် ဖန်တီးထားပြီး Blue, Pink နဲ့ Silver အရောင်တွေ ထုတ်လုပ်ထားပါတယ်။

vivo က Pad Air ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ မကြာခင်မှာ အဲဒီသတင်းအချက်အလက်တွေကို သိရမယ်လို့ ထင်ပါတယ်။

Ref : gizmochina