ကမ္ဘာအနှံ့ရှိဘောလုံးပရိတ်သတ်များမျှော်လင့်စောင့်စားနေကြသော ၂၀၂၄ ခုနှစ်UEFA ယူရိုဖလားဖွင့်ပွဲအခမ်းအနားကို ဂျွန်လ ၁၄ရက်၊၂၀၂၄ခုနှစ်တွင်ဂျာမဏီနိုင်ငံမြူးနစ်ဘောလုံးကွင်းတွင်ကျင်းပခဲ့ပါသည်။

ကမ္ဘာပေါ်တွင်လူကြည့်အများဆုံးအားကစားပြိုင်ပွဲတခုဖြစ်သည့်အလျောက်ဥရောပတခွင်မှထိပ်တန်းအသင်းများကိုစုစည်းပြီးနိုင်ငံတကာမှဘောလုံးချစ်သူပရိတ်သတ်များ၏စိတ်အာရုံကိုဆွဲဆောင်ထားနိုင်ပါသည်။ vivoသည်ဘောလုံးအားကစားကွင်းများအတွင်းသို့UEFAယူရို၂၀၂၄၏တရားဝင်စမတ်ဖုန်းပါတနာအနေဖြင့်ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

vivoသည်ယင်း၏စျေးကွက်ထိပ်တန်းနည်းပညာများ၊နောက်ဆုံးပေါ်အလှပုံရိပ်ရိုက်ကူးနိုင်သောအဆင့်မြင့်ထုတ်ကုန်များနှင့်နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းတို့မှUEFAယူရို၂၀၂၄ပွဲကြည့်ပရိတ်သတ်များ၏အတွေ့အကြုံကိုတိုးမြှင့်နိုင်စေရန်ပံ့ပိုးဖော်ဆောင်ဖို့ရည်ရွယ်ထားပါသည်။UEFAယူရို၂၀၂၄ခုနှစ်၏တရားဝင်ပူးပေါင်းပါဝင်သူအနေဖြင့်vivoV30Seriesသည်ယင်း၏စွမ်းဆောင်ရည်မြင့်မားသောပရော်ဖက်ရှင်အဆင့်အတန်းရှိသောဓာတ်ပုံများစွာကိုအားကစားကွင်းအတွင်းသာမကကွင်းပြင်ပရှိစိတ်လှုပ်ရှားဖွယ်ရာအခိုက်အတန့်များကိုဖမ်းယူခြင်းဖြင့်ပြသသွားမည်ဖြစ်ပါသည်။

vivo V30 Series : ကွင်းတွင်းမှအံ့ဩစိတ်လှုပ်ရှားစရာအခိုက်အတန့်များကို ဖမ်းယူနိုင်သောစတူဒီယိုအဆင့်ဓာတ်ပုံများကိုဖမ်းယူခြင်း

vivo V30 Series သည်အလှပုံရိပ်ဓာတ်ပုံရိုက်ကူးခြင်းကိုယင်း၏ကိုယ်ပိုင်နည်းပညာဖြစ်သော Aura Light Potrait ဖြင့်ပိုမိုကောင်းမွန်စေပြီး ချောမွေမြန်ဆန်သောစွမ်းဆောင်ရည်၊ တောက်ပကြည်လင်သောမျက်နှာပြင်နှင့်ကြာရှည်ခံသောဘက်ထရီသက်တမ်းကိုပေးစွမ်းထားသည်။ကိုယ်ပိုင်နည်းပညာ၏ပံ့ပိုးမှုအနေဖြင့်အလင်းဖျော့လေးသည်အလိုလျောက်ပတ်ဝန်းကျင်ရှိအရောင်ကိုကာလာအနိမ့်အမြင့်ပေါ်မူတည်၍တိုင်းတာပြီးသဘာဝနှင့်အနီးစပ်ဆုံးတူညီသောအလင်းဖျော့လေးကိုပြန်လည်ထုတ်လွှတ်ပေးသည်။ဤဆန်းသစ်တီထွင်မှုသည်ပတ်ဝန်းကျင်ရှိအရောင်များနှင့်လိုက်လျောညီထွေဖြစ်စေပြီးအလင်းရောင်ကောင်းမွန်စွာမရှိသောနေရာများတွင်တောင်အံ့ဩလှပဖွယ်ပုံရိပ်များကိုဖန်တီးနိုင်စေရန်အကောင်းဆုံးပံ့ပိုးပေးပါသည်။

အားကစားနှင့်နည်းပညာတို့၏သယဇာတဖြစ်ခြင်း : လူသားတို့၏ပျော်ရွှင်မှုကိုဝေမျှခြင်း

UEFA ယူရို-၂၀၂၄သည်တကမ္ဘာလုံးအသိအမှတ်ပြုအားကစားပွဲတခုဖြစ်ရုံသာမက vivo ၏ “လူသားတို့၏ပျော်ရွှင်မှုကိုမျှဝေခြင်း”ဟူသောသတင်းစကားကိုကမ္ဘာအနှံ့ရှိဘောလုံးပရိတ်သတ်များထံသို့ပို့ဆောင်ပေးသောပေါင်းကူးတံတားတစ်စင်းဖြစ်သည်။စစ်မှန်သောလူသားအသိနှင့်အားကစားကိုကမ္ဘာအနှံ့ရှိပရိတ်သတ်များထံသို့အမြဲတမ်းပို့ဆောင်ပေးရန်vivoကအမြဲတမ်းကတိကဝတ်ပြုလျက်ရှိပါသည်။ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်တခုအနေဖြင့် vivo သည်စဉ်ဆက်မပြတ်သုတေသနနှင့်ဆန်းသစ်တီထွင်မှုများ၊မဟာဗျုဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများနှင့်ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရန်ကြိုးပမ်းမှုမှတဆင့်မိုဘိုင်းဓာတ်ပုံအခန်းကဏ္ဍကိုပိုမိုတိုးတက်အောင်တွန်းအားပေးလျက်ရှိပါသည်။ vivo V30 Series ၏ တုနှိုင်းမယှဉ်နိုင်သောပုံရိပ်ဖမ်းယူမှုစွမ်းရည်များဖြင့် UEFA ယူရို-၂၀၂၄တွင်လှပသောအားကစားအခိုက်အတန့်များကိုဘောလုံးဝါသနာရှင်များနှင့်ဓာတ်ပုံဆရာများမှယူဆောင်ပေးလာနိုင်တော့မည်ဖြစ်သည်။

“UEFA ယူရို-၂၀၂၄နှင့်ကျွန်ုပ်တို့၏ပူးပေါင်းခြင်းသည် လူတိုင်းကိုအားကစား၏လှပမှုကိုခံစားစေပြီး တန်ဖိုးထားစရာအခိုက်အတံ့တိုင်းကိုဖမ်းယူမှတ်တမ်းတင်သောသုံးစွဲသူအတွေ့အကြုံကိုတိုးမြှင့်စေပါသည်””စိတ်လှုပ်ရှားဖွယ်ရာပွဲစဉ်များသည်တကမ္ဘာလုံးမှပရိတ်သတ်များကိုစုစည်းစေပြီးvivo V30 Series နှင့်အတူ ဤမမေ့နိုင်စရာခရီးစဉ်၏အခိုက်အတန့်တိုင်းကို ပြန်လည်ဝေမျှသူတွေဖြစ်လာအောင်စွမ်းဆောင်ပေးခြင်းအားဖြင့်ထိုသူတို့၏စိတ်အားထက်သန်မှုကိုအားဖြည့်ပေးချင်ပါသည်။တချက်နှိပ်ရုံဖြင့်လူတိုင်းသည်မိမိ၏ကိုယ်ပိုင်အတွေ့အကြုံကိုပြန်လည်ဝေမျှနိုင်သောသူတစ်ဦးဖြစ်စေရန်ကျွန်ုပ်တို့သည်မိုဘိုင်းဓာတ်ပုံပညာကိုပိုမိုအဆင့်မြင့်လာအောင်ခေတ်မှီနည်းပညာများဖြင့်ဆက်လက်ပံ့ပိုးသွားမည်ဖြစ်သည်”ဟု Overseas Product Department မှ အထွေထွေမန်နေဂျာ Yongduan Zhou မှ ပြောကြားခဲ့သည်။

Media release: vivo