vivo သည် လူငယ်များ အကြိုက် ခေတ်မီဆန်းသစ်သော ဒီဇိုင်း၊ စွမ်းအားမြင့်ဘက္ထရီနှင့် အကြမ်းခံနိုင်ရည်တို့ပေါင်းစပ်ထားသည့် vivo ၏ Y series တစ်ခု ဖြစ်သော Y29 ကို မိတ်ဆက်ခဲ့ပြီး သိုလှောင်ပမာဏ (8+128GB) ကို ၇၉၉,၈၀၀ ကျပ်နှင့် (8+256GB) ကို ၈၉၉,၈၀၀ကျပ် ဗားရှင်းနှစ်မျိုးဖြင့် ဈေးကွက်ထဲတွင် မကြာခင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
လူငယ်ဆန်ပြီး စတိုင်ကျခေတ်မီသော ဒီဇိုင်း နှင့်မျက်နှာပြင်
vivo Y29 သည် ခေတ်မီဆန်းသစ်ပြီး လူငယ်များကြားရေပန်းစားနေသော အသွင်အပြင်နှင့် အရောင်များကို ပေါင်းစပ်၍ ထုတ်လုပ်ထားသည်။ ကိုယ်ထည်ပါးလွှာကျစ်လစ်ရုံသာမက လက်ထဲတွင်သက်သောင့်သက်သာ ဖြစ်စေရန် အနောက်ဖက်ကို Quad Curved ဒီဇိုင်းဖြင့်လုပ်ဆောင်ထားပြီး ဘေးဘောင်များကို ပြောင်လက်သော ဒီဇိုင်းဖြင့် ပုံဖော်ထားသည်။ vivo Y29 ကို အရောင်အနေဖြင့် အဆင့်အတန်းမြင့်၍ထူးခြားခမ်းနားသော အရောင်ဖြစ်သည့် Espresso Brown ကို လက်ရာမထင် သည့် Glitter Anti-Fingerprint Process ဖြင့်ရရှိနိုင်မည်ဖြစ်ပြီး တိမ်တိုက်များကြားထဲတွင် နေရောင်ခြည်ဖြာကျ နေသကဲ့သို့ သဘာဝ၏သန့်စင်သော အလှတရားကိုဖော်ပြသည့်အရောင်Cloud White ဟူ၍ နှစ်မျိုးရရှိနိုင်မည် ဖြစ်သည်။
vivo Y29 သည် ၆.၆၈လက်မ မျက်နှာပြင်ရှိပြီး 120Hz refresh rate ပါဝင်သောကြောင့် ချောချောမွေ့မွေ့ ဖြင့်သုံးစွဲနိုင်မည်ဖြစ်သည်။ နေရောင်အောက်တွင် အသုံးပြုနိုင်ရန် အလင်းအားကို 1000 Nits အထိ အလင်းအားထုတ်ပေးနိုင်သည်။TUV Rheinland Eye Protection အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး ဖုန်းကိုကြာရှည်စွာသုံးစွဲလျှင် မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်သည်။ ထို့အပြင် SCHOTT Cover Glass ကိုတပ်ဆင်ထားသောကြောင့် ဖုန်းမျက်နှာ ပြင်သည် နေ့စဉ်ဘဝတွင်ဖြစ်လေ့ရှိသော မတော်တဆများမှ ထိခိုက်မှုများကို ခံနိုင်ရည်ရှိသည်။
Y series ထုတ်ကုန်များကြားထဲတွင် 6500mAh BlueVolt Battery ပထမဆုံးပါဝင်လာသည့် Y29
vivo သည် BlueVolt နည်းပညာကို vivo ထုတ်ကုန်များတွင် ထည့်သွင်းအသုံးပြုလျက်ရှိပြီး ယခုအခါ ပထမဆုံးအနေဖြင့် vivo Y29 တွင် 6500mAh ဘက္ထရီပါဝင်လာပြီး BlueVolt နည်းပညာကိုပါ ပေါင်းစပ်ထားသည်။ ထိုဘက္ထရီ ပမာဏသည် YouTube ကြည့်လျှင် နာရီ ၄၀ ကျော် နှင့် TikTok သုံးလျှင် ၁၉နာရီအထက် သုံးစွဲနိုင်မယ်ဖြစ်သောကြောင့် သုံးစွဲသူများ အနေဖြင့်အနှောက်အယှက်မရှိဘဲ သုံးစွဲနိုင်မည် ဖြစ်သည်။အမြန်အားသွင်းစနစ်အနေဖြင့် 44W FlashCharge စနစ်ပါဝင်ပြီး အား ၅၀ရာခိုင်နှုန်းပြည့်ရန် ၄၁မိနစ်သာကြာမြင့်မည်ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းပြည့်ရန် ၉၂မိနစ်သာ ကြာမြင့်မည်ဖြစ်သည်။ ထို့အပြင် vivo Y29 သည် reverse charging အားသွင်းစနစ်ပါဝင်သောကြောင့် မိမိ၏တခြားသော ပစ္စည်းများကို အားပြန်သွင်း နိုင်မည်ဖြစ်သည်။
ဘက္ထရီနည်းပညာများ၏ရှေ့ဆောင်ဖြစ်သည့် Carbon Recomposition၊Electrode Reshaping နှင့် Laser Etching နည်းပညာတို့က ဘတ်ထရီ၏တည်ဆောက်ပုံ၊ စွမ်းအားတိုးမြှင့်ခြင်းနှင့် မြန်ဆန်သောစွမ်းအား ကူးပြောင်းခြင်း များကို လုပ်ဆောင်ပေးသည်။ vivo၏ မူပိုင်နည်းပညာတစ်ခုဖြစ်သည့် Battery Encapsulation Technology သည် သိပ်သည်း ကျစ်လစ်သော ဘက္ထရီကို ပါးလွှာသောဘက္ထရီကိုယ်ထည်တွင် ဝင်ဆံ့နိုင်ရန်လုပ်ဆောင်ထားသည်။ထို့အပြင် ဘက္ထရီသည် ၅နှစ်ကြာ ဘက္ထရီအရည်အသွေးကို ထိန်းသိမ်း ထားနိုင်သည်။ အကြိမ် ၁၅၀၀ အားသွင်းပြီးလျှင်တောင် ဘက္ထရီကို ၈၀ရာခိုင်နှုန်းအထိ ရှိနေအောင်လုပ်ဆောင် ပေးနိုင်မည်။
ဘက်စုံအကြမ်းခံနိုင်မှု နှင့် လုပ်ဆောင်ချက် စွမ်းဆောင်ရည်
ဈေးတန်းတူဖုန်းများကြား အရည်အသွေးနှင့်လုပ်ဆောင်ချက် သာလွန်အောင်လုပ်ဆောင်ထားသော Y29သည် မတော်တဆပြုတ်ကျမှုများမှ ခံနိုင်ရည်ရှိစေရန် Anti-Drop Armor Design ဖြင့်လုပ်ဆောင်ထားသည်။ SGS Five-Star Drop Resistance နှင့် Military-Grade certification ရရှိထားသည်။ ထို့အပြင် IP64 Dust and Water Resistance ပါဝင်သောကြောင့် နေ့စဉ်ကြုံတွေ့နေရတဲ့ ရေစင်ဒဏ်၊ဖုန်ဒဏ်တို့ကို ကာကွယ်ပေးနိုင်သည်။ Wet-Hand Touch နည်းပညာသည် မည်သည့်အခြေအနေတွင်မဆို ရေစိုနေသောလက်၊ ဆီပေနေသော လက်များနှင့် အလွယ်တကူ ချက်ချင်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။
လုပ်ဆောင်ချက်ချောမွေ့စေရန် Snapdragon 685 ကို တပ်ဆင်ထားပြီး အက်ပလီကေးရှင်းများစွာ တစ်ပြိုင်နက်တည်း သုံးစွဲနိုင်သည့်အပြင် စွမ်းဆောင်ရည်ကိုလည်း လ ၅၀ ကြာ ချောမွေ့သော သုံးစွဲမှု အတွေ့အကြုံကို ပေးစွမ်းနိုင်သည်။ အသံလုပ်ဆောင်ချက်တွင်လည်း Dual Stereo Speaker 400% ပေါင်းစပ်ထားသောကြောင့် သာလွန်သော အသံစွမ်းရည်ကို ဂိမ်းကစားခြင်း၊ လမ်းညွှန်ခြင်း၊ သီချင်းနားထောင် ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းများမှတဆင့် ခံစားနိုင်မည် ဖြစ်သည်။AI နည်းပညာဖြင့် လိုင်းဆွဲအားကောင်းစေရန် အထောက်အပံ့ပေးသည့် AI SuperLink ကိုလည်း တပ်ဆင်ထားသည်။
အခိုက်အတန့်တွေကိုသိမ်းဆည်းထားနိုင်ဖို့အဆင့်မြင့်ပုံရိပ်နည်းပညာ
နေ့စဉ်ဘဝရဲ့ အမှတ်တရ အခိုက်အတန့်တွေကို သိမ်းဆည်းထားနိုင်ဖို့ Y29 သည် အဆင့်မြင့်ပုံရိပ် နည်းပညာစနစ်ဖြင့် 50MP Ultra HD Main Camera၊ 2MP Bokeh Camera နှင့် 8MP Portrait Camera တို့တပ်ဆင်ထားသည်။ သက်ဝင်လှုပ်ရှားနေသော အမှတ်တရများကို ရိုက်ကူးထားနိုင်ရန် Live Photo လုပ်ဆောင်ချက်ပါဝင်သည်။ တစ်ချက်ထိလိုက်ရုံဖြင့် ကိုယ်မလိုချင်တဲ့ ဓာတ်ပုံထဲကအရာများကို AI Erase 2.0 က ဖယ်ရှားပေးနိုင်သလို AI Photo Enhance က ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံကို ပေးစွမ်းနိုင်သည်။ ကျောဖက်ရှိစက်ဝိုင်းသဏ္ဌာန် Dynamic Light သည် ဖုန်းအဝင်ခေါ်ဆိုမှုများ၊ Notifications များကို မတူညီသောအရောင်(၅)ရောင်ဖြင့် ဖော်ပြပေးမည်ဖြစ်သည်။
ဈေးနှုန်းနှင့် ဝယ်ယူရရှိနိုင်မှုသတင်းအချက်အလက်
vivo Y29 ကို သိုလှောင်ပမာဏ (8+128GB) ကို ၇၉၉,၈၀၀ ကျပ်နှင့် (8+256GB) ကို ၈၉၉,၈၀၀ကျပ် ဗားရှင်းနှစ်မျိုးဖြင့် ဈေးကွက်ထဲတွင် မကြာခင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ မေလ (၁၀)ရက်နေ့မှစ၍ မေလ(၂၅)ရက်နေ့အထိဝယ်ယူအားပေးသူများအတွက် vivo Fan T Shirt အပြင် ခုဝယ်ခုပေါက် ဗလာမပါ ခဲခြစ်ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံထူးနိုင်မည်ဖြစ်သည်။
Media Release: vivo