နောက်ထွက်မယ့် Vivo ဖုန်း ၂ လုံးကို တရုတ်က အာဏာပိုင်အဖွဲ့အစည်းတွေမှာ မှတ်ပုံတင်ထားပါတယ်။ S15 Pro လို့ ထင်ရတဲ့ V2203A နဲ့ ဘယ်ဖုန်းမှန်း သေချာ မသိတဲ့ Vivo V2207A ကို TENAA မှာ Specs တချို့နဲ့အတူ တွေ့လာရပါတယ်။

vivo S15 Pro appears in TENAA and 3C listings alongside mysterious new phone - GSMArena.com news

S15 Pro (V2203A) မှာ ၆.၆၂ လက်မ မျက်နှာပြင် ထည့်သွင်းထားတယ်လို့ ဖော်ပြထားပြီး ပေါက်ကြားသတင်းတွေအရ 90 or 120Hz AMOLED ပါလာမှာပါ။ 66W Charging ထောက်ပံ့တဲ့ 4,400mAh ဘက်ထရီ တပ်ဆင်ထားပြီး Android 12 အခြေပြု OriginOS မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ အရွယ်အစားအပြည့်အစုံက 161.9 x 74.31 x 7.99mm ဖြစ်ပါတယ်။

နောက် ဖုန်း ၁ လုံးဖြစ်တဲ့ Vivo V2207A မှာ ၆.၅၆ လက်မ မျက်နှာပြင် ပါလာပြီး တူညီတဲ့ 4,400mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ အားသွင်းနှုန်းက ပိုမိုမြန်ဆန်ပြီး 80W Fast Charging ထည့်ထားတယ်လို့ 3C မှာ ဖော်ပြထားပါတယ်။

Vivo V2207A ရဲ့ အရွယ်အစား အပြည့်အစုံမှာ 158.9 x 73.52 x 8.5mm ဖြစ်ပြီး အရင်က ပေါက်ကြားသတင်းတွေအရ Vivo S15 Pro မှာ MediaTek Dimensity 8100 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး OIS ထောက်ပံ့တဲ့ 50MP Main ကင်မရာ ထည့်သွင်းထားမှာပါ။ Vivo V2207A ရဲ့ သတင်းအချက်အလက်တွေ လာမယ့် ရက်သတ္တပတ်တွေအတွင်း ထပ်မံထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena