vivo က S17 Series ရဲ့ ပထမဆုံး စမတ်ဖုန်း အဖြစ် S17e ကို ကြေညာလိုက်ပါတယ်။ vivo ဟာ တရုတ်မှာ S Series အားလုံးကို တစ်ပြိုင်နက် ကြေညာလေ့ရှိတဲ့အတွက် အခုလို ၁ လုံးထဲ မိတ်ဆက်လိုက်တာက ထူးဆန်းပါတယ်။

vivo S17e ဟာ စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး 6.78” FHD+ 120Hz 3D AMOLED မျက်နှာပြင်ကွေး၊ MediaTek Dimensity 7200 SoC နဲ့ 66W Fast Charging ပါတဲ့ 4,600mAh Battery ပါပါတယ်။

အနောက်ဘက်မှာ OIS ပါတဲ့ 64MP Main ၊ 2MP Secondary ကင်မရာတွေနဲ့ ကုမ္ပဏီက Aura Light လို့ အမည်ပေးထားတဲ့ LED Ring ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီးနဲ့ Video Call အတွက် အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

vivo S17e မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှုပ်နှံထားပြီး Dual SIM Support , USB Type-C, စတီရီယို စပီကာနဲ့ Hi-res Audio တွေ ပါပါတယ်။ Android 13 အခြေပြု OriginOS 3 မောင်းနှင်ထားပြီး 12GB LPDDR4X RAM အထိ ရွေးချယ်နိုင်ကာ 128GB or 256GB UFS 2.2 Storage ထည့်သွင်းထားပါတယ်။

5G, Dual 4G VoLTE , WiFi 6 802.11 ac , Bluetooth 5.3, NFC တို့ ထောက်ပံ့ထားပြီး အရွယ်အစား အပြည့်အစုံက 164.20×74.90×7.4mm နဲ့ အလေးချိန်က ၁၇၈ ဂရမ် ဖြစ်ပါတယ်။

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မေလ ၂၀ ရက်နေ့ ရောင်းမှာပါ။ Quick Sand Gold, Sunny Blue နဲ့ Midnight Black ၃ ရောင်ထုတ်လုပ်ထားပါတယ်။ 8/128GB နဲ့ 8/256GB ကို ၂,၀၉၉ ယွမ် (၃၀၁ ဒေါ်လာ)၊ ၂၂၉၉ ယွမ် (၃၃၀ ဒေါ်လာ) အသီးသီး သတ်မှတ်ထားပြီး 12/256GB ကို ၂,၄၉၉ ယွမ်(၃၅၈ ဒေါ်လာ)နဲ့ ရောင်းမှာပါ။

Ref : gizmochina