vivo က T4 စီးရီးရဲ့ ပဉ္စမမြောက်အဖွဲ့ဝင်အဖြစ် vivo T4R ကို  မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းက ၇.၃ မီလီမီတာထူပြီး ၁၈၃.၅ ဂရမ်လေးပါတယ်။ ၆.၇၇ လက်မအရွယ်အစားရှိတဲ့ quad-curved FullHD+ AMOLED မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။ မျက်နှာပြင်မှာ 120Hz refresh rate နဲ့ 1,800 nits brightness ရှိပြီး ဂျာမန်ဖန်ထုတ်လုပ်ရေးကုမ္ပဏီ Schott နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Diamond Shield Glass နဲ့ ကာကွယ်ပေးထားပါတယ်။

vivo T4R arrives with the Dimensity 7400 SoC, quad-curved display, and 4K selfie camera

အတွင်းပိုင်းမှာတော့ Dimensity 7400 SoC ကို 12GB အထိ LPDDR4X RAM နဲ့ 256GB UFS 2.2 storage တို့နဲ့ တွဲဖက်အသုံးပြုထားပါတယ်။ vivo T4R မှာ Android 15 ကိုအခြေခံထားတဲ့ Funtouch OS 15 ကို သုံးထားပြီး OS အဆင့်မြှင့်တင်မှု နှစ်နှစ်နဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်မှု သုံးနှစ်အထိ ပေးသွားမယ်လို့ ကတိပေးထားပါတယ်။

vivo T4R arrives with the Dimensity 7400 SoC, quad-curved display, and 4K selfie camera

vivo T4R ရဲ့ ဓာတ်ပုံပိုင်းမှာ ကင်မရာသုံးလုံးပါဝင်ပါတယ် – ရှေ့ဘက်မှာ 32MP selfie ကင်မရာတစ်လုံးနဲ့ ကျောဘက်မှာ 50MP primary camera (Sony IMX882, OIS) ကို 2MP bokeh unit တစ်လုံးနဲ့ တွဲဖက်ထားပါတယ်။ Selfie ကင်မရာကလည်း primary camera လိုပဲ 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် ဒီစမတ်ဖုန်းက ရေအောက်ဓာတ်ပုံရိုက်ကူးမှုနဲ့ multi-focal portraits တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

5,700 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး USB-C ကနေတစ်ဆင့် 44W အထိ အားသွင်းနိုင်ပါတယ်။ စမတ်ဖုန်းက bypass charging ကိုလည်း ထောက်ပံ့ပေးပါသေးတယ်။

IP68 နဲ့ IP69 အဆင့်သတ်မှတ်ချက်တွေ၊ MIL-STD-810H အသိအမှတ်ပြုလက်မှတ်၊ မျက်နှာပြင်အောက် လက်ဗွေရာစနစ်နဲ့ dual stereo speakers တွေ ပါဝင်တာပဲဖြစ်ပါတယ်။

vivo T4R မှာ မန်မိုရီရွေးချယ်စရာ သုံးမျိုးရှိပါတယ် – 8GB/128GB, 8GB/256GB နဲ့ 12GB/256GB တို့ဖြစ်ပြီး ဈေးနှုန်းတွေက အိန္ဒိယရူပီး ၁၉,၄၉၉ ($220/€195), ရူပီး ၂၁,၄၉၉ ($245/€215) နဲ့ ရူပီး ၂၃,၄၉၉ ($270/€235) တို့ အသီးသီးဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ Arctic White နဲ့ Twilight Blue အရောင်တွေနဲ့ သြဂုတ်လ ၅ ရက်နေ့ကစပြီး vivo ရဲ့ အိန္ဒိယဝက်ဘ်ဆိုက်၊ Flipkart နဲ့ တရားဝင်အရောင်းဆိုင်တွေကနေတစ်ဆင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Ref : gsmarena