iQOO Neo 8 Series ကို ဒီလထဲ ကြေညာမယ်လို့ထင်ရပြီး Pro မော်ဒယ်ဟာ MediaTek Dimensity 9200+ Chipset အသစ်ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေထဲက ၁ လုံး ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။ မော်ဒယ်နံပါတ် V2302A ပါတဲ့ အဲဒီဖုန်းကို CCC မှာ မှတ်ပုံတင်ထားပြီး iQOO Brand ဟာ စွမ်းရည်အမြင့်ဆုံး Neo ဖုန်းမှာ 120W Charging ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။

vivo preparing to launch iQOO Neo 8 in May with flagship-tier chipsets

ရိုးရိုး မော်ဒယ်မှာတော့ တိုးတက်မှုတွေ များများစားစား မပါလာဘဲ လွန်ခဲ့တဲ့ ၃ နှစ်နီးပါးအကြာက ရောင်းချခဲ့တဲ့ iQOO 5 Pro နဲ့ Specs တွေ တူညီနေပါတယ်။ ရိုးရိုးမော်ဒယ်မှာ 20V/6A Rates ထည့်သွင်းထားပါတယ်။ vivo ဟာ 80W Charging ပါတဲ့ S17e ကိုလည်း မှတ်ပုံတင်ထားပြီး အရင်မျိုးဆက် S Devices တွေထက် များစွာ တိုးတက်လာပါတယ်။

iQOO Neo 8 Pro: The 120W Charging Monster That's About to Take Over

iQOO Neo Device အသစ်ကို ပြီးခဲ့တဲ့ ၁ ပတ်က Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး 16GB RAM Option ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ အရင်မျိုးဆက် iQOO Neo Series တွေထက် RAM ပမာဏများစွာ ပါလာမှာ ဖြစ်ပါတယ်။ vivo က iQOO Neo 8 Series ကို ကြေညာမယ့်နေ့ကို အတည်ပြုဖို့နဲ့ Teaser တွေ ဝေမျှတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ref : gsmarena