Vivo ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ပထမဆုံး True Wireless Earbud အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ရောင်းချမယ့်စျေးနှုန်းကို ကြေညာလိုက်ပြီဖြစ်ပြီး တရုတ်ယွမ်ငွေ ၉၉၉ (မြန်မာငွေ ၂ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

အဆိုပါ Vivo TWS Earphone ဟာဆိုရင် Qualcomm ရဲ့ QCC 5126 Dual Core Processor ကို အသုံးပြုထားပြီးတော့ ယခင် Generation Earbuds တွေထက် ၁၀၀ ရာခိုင်နှုန်းစွမ်းဆောင်ရည်ပိုမြင့်မားလာမယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Vivo ကနေ Wireless Transmission Technology အသစ်ကို အသုံးပြုထားပြီးတော့ Earphone တစ်ဖက်စီကနေ ကိုယ်တိုင်အလုပ်လုပ်နိုင်ပြီး အသံတွေကို Transmit ပြုလုပ်နိုင်မှာပါ။ အဲ့ဒီအတွက် Sound Delay ဖြစ်သွားတွေကို လျော့ချပေးနိုင်ပြီးတော့ Connection Stability နဲ့ Battery Life ကိုလည်း ပိုကောင်းစေမှာဖြစ်ပါတယ်။

Vivo TWS Earphone ဟာဆိုရင် Volume အတိုးအကျယ်ကို Swipe Gesture နဲ့တင်ဆောင်ရွက်နိုင်မှာဖြစ်သလို Jovi Smart Voice Assistant ကိုလည်း အသုံးပြုနိုင်ဦးမှာပါ။ Battery အနေနဲ့ဆိုရင် Earphone တစ်ခုထဲနဲ့ ဆက်တိုက်နားထောင်မယ်ဆိုရင် ၄ နာရီဆက်တိုက်နားထောင်နိုင်မှာဖြစ်ပြီး Case ထဲက Battery နဲ့ဆိုရင် ၂၄ နာရီအထိ အသုံးပြုနိုင်မှာပါ။

Ref – Giz China