ကျွန်ုပ်တို့နေ့စဉ်ဘဝတွင် အထူးသဖြင့် ခရီးသွားချိန် ၊အနားယူချိန်၊ အလုပ်လုပ်ချိန် သို့မဟုတ် ပြည့်ကြပ်နေသော တစ်နေ့တာအချိန်ဇယားကို ဖြတ်သန်းချိန်များတွင် စမတ်ဖုန်းများသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်လာနေပြီဖြစ်သည်။ အကယ်၍ သင်က စမတ်ဖုန်းအသစ်တစ်လုံးကိုဝယ်ယူရန် စီစဉ်နေသည်ဆိုပါက မဝယ်ခင် အရေးပါသော လုပ်ဆောင်ချက်အချို့ကို ထည့်သွင်းစဉ်းစားရန်လိုအပ်လာပါသည်။

ပထမဆုံးစဉ်းစားသင့်သော အရေးကြီးသည့်အချက်မှာ စမတ်ဖုန်းတစ်လုံး၏ မျက်နှာပြင်ပင် ဖြစ်ပါသည်။ Vivo V19 တွင် ၆.၄၄ လက်မ အကျယ် Super AMOLED FHD+ Ultra O မျက်နှာပြင် ပါရှိသည်။ Vivo V19 မျက်နှာပြင်၏ အဓိက ဆွဲဆောင်နိုင်သောအချက်မှာ သင့်ပတ်ဝန်းကျင်အလင်းနှင့်သင့်တော်စေရန်အလိုအလျောက် ညှိပြီး ပြင်ဆင်ပေးသောနောက်ဆုံးပေါ် E3 OLED panel ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။မျက်နှာပြင်အလင်းသည် ပတ်ဝန်းကျင်အလင်းနှင့် အညီ အလိုအလျောက် ညှိပြီး အခြားသော စမတ်ဖုန်းများ၏ E2 OLED ထက် အပြာရောင်အလင်း ၄၂ ရာခိုင်နှုန်း ပိုမိုစစ်ထုတ်ပေးနိုင်ပါသည်။ Vivo V19 မျက်နှာပြင်အားသင်သည် တစ်နေကုန် အနှောင့်အယှက် ကင်းဝေးစွာဖြင့် အသုံးပြုနိုင်သည်။

Vivo သည် ၎င်း၏နည်းပညာကို စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်စေလျက်ရှိပြီး အထူးသဖြင့် ပြတ်သားထင်ရှားသောရုပ်ပုံ အရည်အသွေးကို အကောင်းဆုံးရရှိစေရန် အစဥ်တစိုက်ကြိုးပမ်းနေသည်။ ဒုတိယအဖြစ် ဖော်ပြလိုသော လုပ်ဆောင်ချက်မှာ Vivo V19 ၏နောက်ကြောဘက်တွင် L ပုံသဏ္ဍာန်ရှိသည့် Quad Camera ပါဝင်ခြင်းဖြစ်သည်။ Vivo V19 ၏အနောက်ဘက်အခြမ်းတွင် 48-megapixel F1.8 aperture ပင်မ ကင်မရာ၊ , 8- megapixel F2.2 aperture အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2-megapixel F2.4 macro ကင်မရာ နှင့် and 2-megapixel F2.4 အနီးကပ်ရိုက်ချက်များအတွက် အကောင်းဆုံး bokeh မှန်ဘီလူးတို့ပေါင်းစပ်ထားသည့် စွမ်းဆောင်ရည်မြင့် ကင်မရာစနစ်ပါဝင်သည်။

V19 တွင် အရှေ့ဘက်ကင်မရာနှစ်လုံး အနေဖြင့် 32-megapixel F 2.08 ပင်မကင်မရာနှင့် 8- megapixel F 2.28 အထူးမြင်ကွင်းကျယ် ကင်မရာတို့ပါရှိသည့်အတွက် နေ့ဘက်တွင်အဆင်ပြေစွာဓာတ်ပုံရိုက်ကူးနိုင်သည့်အပြင် အလင်းရောင်နည်းသော ညအချိန်၌ပင် ရင်သပ်ရှုမောဖွယ်ဓာတ်ပုံများကို ရိုက်ကူးနိုင်သော super night selfie လုပ်ဆောင်ချက်လည်းပါရှိသည်။ ထို့အပြင် Bokeh Mode ၏ အနီးကပ်ယူသောလုပ်ဆောင်ချက်ကို အရှေ့ကင်မရာတွင် Super wide-angle selfie အတွက်သီးသန့်မှန်ဘီလူးနှင့် အတူထည့်သွင်းထားသောကြောင့် လှပသောနောက်ခံတို့ကို ကွဲပြားစွာ ဖမ်းယူရရှိနိုင်မည်ဖြစ်သည်။ Vivo V19 ၏ “Light Up Your Night” ဆောင်ပုဒ်အရ ကင်မရာနှစ်ခုစလုံးတွင် Super Night Mode feature ပါဝင်ပြီး သင်၏မိသားစု ၊ သူငယ်ချင်းများနှင့်ချစ်ရသူများအတွက် အကောင်းဆုံးဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် ကူညီပေးနိုင်သည်။

ယခုအချိန်သည် အိမ်တွင်း၌နေရန် ညွှန်ကြားထားသော ကာလဖြစ်သည်နှင့်အညီ သင့်၏သူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက်များအား ဗွီဒီယိုခေါ်ဆိုမှုမှတစ်ဆင့်ဆက်သွယ်ခြင်းက အရေးပါသောလုပ်ဆောင်ချက် ဖြစ်လာသည့်အတွက် Vivo V19 တွင် ပါဝင်သည့် Camera Feature များက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်စေပါလိမ့်မည်။ ကျွန်ုပ်တို့နေ့စဉ်လှုပ်ရှားမှုကို လူမှုကွန်ရက်ပေါ်တွင် မျှဝေသည့်အခါ V19 ၏ Video အရည်အသွေးရိုက်ကူးမှုသည်ကြည်လင်ပြတ်သားပြီး တိကျကောင်းမွန်သောအရည်အသွေး Ultra-Stable Video လုပ်ဆောင်ချက်များမှတစ်ဆင့် ပုံရိပ်တည်ငြိမ်မှုကို အပြည့်အဝရရှိစေနိုင်သည်။

စွမ်းဆောင်ရည်အနေဖြင့် Qualcomm Snapdragon octa-core 712 processor ကြောင့် ရင်သပ်ရှုမောဖွယ် မြင့်မားသော စွမ်းဆောင်ရည်နှင့် သုံးစွဲသူအတွက် မြန်ဆန်သည့် အတွေ့အကြုံအသစ်များကို ပေးနိုင်သည်။ သိမ်းဆည်းမှုအတွက် 8GB RAM နှင့် 128GB ROM ပါဝင်သည့်အတွက် အသုံးပြုသူများနေ့စဉ်လုပ်ဆောင်သည့် လုပ်ငန်းတာဝန်များ၊ လူမှုရေး သို့မဟုတ် ဖျော်ဖြေရေးများကို ဖုန်းဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်စေသည်။ ဖုန်းကို အအေးခံရာတွင် အားသာချက်ဖြစ်သော Vivo V19 ၏copper tube liquid cooling သည် 4500mAh super capacity ဘက်ထရီနှင့်အတူ ဂိမ်းဝါသနာရှင်များအတွက် အချိန်ကြာမြင့်သော ဖျော်ဖြေရေးအပြင် ၊ အနှောင့်အယှက်ကင်းသောဂိမ်းကစားမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အတွက် ကူညီပေးသည်။

ထို့ကြောင့် V19 သည် ကျွန်ုပ်တို့နေ့စဉ် လုပ်ဆောင်မှုများကို မြှင့်တင်ပေးရန် သင့်တော်သည့် စမတ်ဖုန်းတစ်လုံးဖြစ်သည်။ ပရီမီယံဖန်သားပြင်နှင့် သက်တောင့်သက်သာရှိစေသည့် ဒီဇိုင်းဖြင့်ပြုလုပ်ထားသော V19 မှာ ကိုယ်ထည်အရောင်အားဖြင့် Gleam Black နှင့် Sleek Sliver ဟူ၍ လှပဆန်းသစ်သော အရောင် ၂ မျိုးဖြင့် ရရှိမည်ဖြစ်သည်။ Vivo V19 ကို လက်ရှိဈေးနှုန်း ၅၇၉,၈၀၀ ကျပ်ဖြင့် ရောင်းချပြီး Vivo တရားဝင်အရောင်းပြခန်းများနှင့် ၎င်း၏လက်လီအရောင်းဆိုင်အားလုံးတွင် ဝယ်ယူရရှိနိုင်ပါသည်။

Source – Vivo