vivo ဟာ သူတို့ရဲ့ V27 Pro ကို လာမဲ့ မတ်လ ၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မှာပါ။ ဖုန်းနဲ့ပတ်သက်ပြီး အချက်အလက်ပေါက်ကြားမှုတွေ အတော်များများဖြစ်ပေါ်ခဲ့တာကြောင့် အကုန်လုံးနီးပါး သိပြီးထားဖြစ်ပါလိမ့်မယ်။ တစ်နည်းအားဖြင့် S16 ကို နာမည်ပြောင်းထားတာကြောင့် သိပ်ပြီးတော့ ကွဲပြားတဲ့အချက်အလက်တွေကို တွေ့မြင်ခြင်း မရှိခဲ့ပါဘူး။
v27 Pro ကို 8/128 GB ဗားရှင်းကနေ စတင်မှာဖြစ်ပါတယ်။ ဒီဗားရှင်းအတွက်တော့ $460 ကျသင့်မှာဖြစ်ပြီး သိုလှောင်မှု နှစ်ဆဖြစ်သွားတဲ့ 8/256 GB ဗားရှင်းကတော့ $483 ကျသင့်မှာ ဖြစ်ပါတယ်။ နောက်ထပ်ဗားရှင်းတစ်ခုဖြစ်တဲ့ 12/256 ဗားရှင်းကတော့ $520 ကျသင့်မှာ ဖြစ်ပါတယ်။
v27 Pro ဟာ သူ့ရှေ့ကမျိုးဆက်ဖြစ်တဲ့ vivo V25 Pro နဲ့ နှိုင်းယှဉ်ရင်တော့ ကွဲပြားတဲ့ ဒီဇိုင်းနဲ့ ထွက်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ကျောဘက်မှာ OIS Portrait စနစ်ပါရှိတဲ့ ကင်မရာသုံးလုံးနဲ့ LED မီးဝိုင်းတစ်လုံးကို မြင်တွေ့ရပါတယ်။ vivo ရဲ့ ထုံးစံအတိုင်း ဖုန်းရဲ့ကိုယ်ထည်ဟာ နေရောင်ခြည်အပါအဝင် ခရမ်းလွန်ရောက်ခြည်အောက်မှာ အရောင်ပြောင်းလဲမှု ဖြစ်ပေါ်မှာပဲ ဖြစ်ပါတယ်။
V စီးရီးဟာ ပရီမီယံအဆင့် ဖုန်းတွေနဲ့ အလှမ်းမဝေးတဲ့ Upper Midrange ဖုန်းအမျိုးအစားတွေ ဖြစ်ပါတယ်။ v27 ဟာ Curved OLED Display ကို အသုံးပြုထားမှာဖြစ်ပြီး 1080 x 2400px resolution ဖြစ်ပါတယ်။ v27 Pro ကတော့ Dimensity 8200 ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ v27 ကတော့ Dimensity 7200 ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ (တရုတ်မှာဖြန့်တဲ့ vivo S16 မှာတော့ Snapdragon 870 5G ကို သုံးထားပါတယ်။)
Ref: GSM Arena