vivo ၏ V29e 5G အား ၉၄၉,၈၀၀ ကျပ်မှစတင်တာ မြန်မာနိုင်ငံတွင်စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပြီ ဖြစ်သည်။ ယခုကဲ့သို့ အဆင့်မြင့် နည်းပညာ စမတ်ဖုန်းအား ကာစတန်မာများထံသို့ ယူဆောင်လာခဲ့ခြင်းသည် နည်းပညာ အသစ်များအား စဉ်ဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်ပေးနေသည့် vivo ၏ တစိုက်မတ်မတ် အားထုတ်မှုကြောင့် ပင်ဖြစ်သည်။

နောက်ဆုံးပေါ်နည်းပညာများ ထည့်သွင်းပါဝင်မှုကြောင့် vivo V29e 5G သည် စတူဒီယိုကဲ့သို့ရုပ်ထွက်အရည်အသွေးအား ပေးစွမ်းနိုင်သည်။ 120 Hz AMOLED Display နှင့် Slim Flat Frame များပါဝင်မှုကလည်း Smart Aura Light Portrait အားပိုမိုကောင်းမွန်စေရန် အားဖြည့် ပေးပါသည်။

vivo V29e 5G အား နိုဝင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ Anycall Mobile ဆိုင်တွင် ပထမဆုံးအရောင်းစတင်သည့်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အနုပညာရှင်များဖြစ်ကြသော Alice Ong နှင့် ဖြိုးပြည့်စုံတို့လည်း တက်ရောက်ခဲ့ကြသည်။

ဤနည်းပညာ အရည်အသွေးမြင့်စမတ်ဖုန်းအား နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်တာ vivo ၏ အရောင်းဆိုင်ခွဲများနှင့် အွန်လိုင်းအရောင်းဆိုင်ရာပလတ်ဖောင်းများတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။

vivo သည် ထပ်တိုးနည်းပညာများပေါင်းစပ်ထားကာ ဝယ်ယူသူများအတွက် အသက်သာဆုံးဖြစ်အောင် ဖန်တီးပေးထားသည်။ ဝယ်ယူသူများအနေနှင့် selfie stick နှင့် Power Bank လက်ဆောင်ပစ္စည်း များလည်း ရရှိမည်ဖြစ်သည်။

vivo V29e 5G သည် အဆင့်မြင့်နည်းပညာများကို ပေးစွမ်းနိုင်သည်သာမက သုံးစွဲသူများအား ဖန်ရှင်ကျသည့် ခံစားချက်ကိုပေးစွမ်းသည်။ အဆိုပါ စမတ်ဖုန်းအတွက် ရရှိနိုင်သော ထူးခြားသည့် အရောင် နှစ်မျိုးမှာ Nano-scale Photoecting ပါဝင်သည့် Rose Gold အရောင်နှင့် Flourite AG Glass ပါဝင်သည့် Forest Black တို့ဖြစ်သည်။

Slim Flat Frame နှင့် ၆.၆၇ လက်မအရှည်ရှိသည့် ဖုန်းစခရင်ပါရှိသည့် ဤဖုန်းအသစ်တွင် 64MP OIS Ultra-sensing Camera, 8 MP Ultra Wide-Angle Camera, Smart temperature Adjustment ပါဝင်သော Smart Aura Light Portrait နှင့် 120 Hz AMOLED Display တို့ကဲ့သို့ ထူးခြားကောင်းမွန်သော လုပ်ဆောင်ချက်များလည်း ပါဝင်ပါသည်။

၎င်း၏ ကင်မရာလုပ်ဆောင်ချက်များမှာ ပို၍ပင် ကောင်းမွန်ပါသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် သာမန်နေ့ရက်များအား ရင်သက်ရှုမောဖွယ် ပုံရိပ်များကို ဖန်တီးနိုင်သည့် အရည်အသွေးမြင့်လုပ်ဆောင်ချက်ပါရှိသည်။

အရည်အသွေးမြင့်မားသော ပုံရိပ်များကို ဖန်တီးနိုင်သည့် အပြင် ပုံရိပ်များရိုက်ကူးရာတွင် အသေးစိတ်ရိုက်ကူးပုံဖော်နိုင်သည့် ဓါတ်ပုံပညာကြောင့် အကောင်းမွန် ဆုံးသော ဓါတ်ပုံပညာပါဝင်ပါသည်။ 50 MP AF Group Selfie ကြောင့် အုပ်စုလိုက်ဓါတ်ပုံများကို ကြည့်လင်စွာရိုက်ကူးနိုင်သည်။

High-resolution sensor နှင့် autofocus feature တို့ကြောင့် ပုံရိပ်များရိုက်ကူးရာတွင် အုပ်စုလိုက်ပုံများအား ကြည်လင် ရှင်လင်းစွာ ရိုက်ကူးနိုင်စေသည်။ ဤလုပ်ဆောင်ချက်ကြောင့် မိသားစုဝင်များနှင့် သူငယ်ချင်းများအား တန်ဖိုးရှိသော မိသားစုပုံရိပ်များကို ဖန်တီးနိုင်စေပြီး လူမှုကွန်ရက်တွင် အရည်အသွေးမြင့်ပုံရိပ်များကို ဖန်တီးနိုင်စေပါသည်။

content creator များအတွက် vivo V29e 5G တွင် Vlog Movie Creator ပါရှိပြီး နေ့စဉ်ဘဝအား စွဲမက်ဖွယ် vlog များသို့ မည်သူမဆို လွယ်ကူစွာပြောင်းလဲနိုင်ပြီး မိမိ၏ တီထွင် ဖန်တီးနိုင်စွမ်းနှင့် ထူးခြားသော အတွေးဉာဏ်များအား ပြသနိုင်ပါသည်။

2400 × 1080 resolution နှင့် 120Hz refresh rate တို့ပါရှိသောကြောင့် vivo V29e 5G အား ရင်သက်ရှုမောဖွယ် ကြည်လင်ပြတ်သားမှုများနှင့် နူးညံ့ချောမွေ့သော လုပ်ဆောင်ချက်များကို ဖန်တီးရရှိစေနိုင်ပါသည်။ ၎င်း၏ဖန်သားပြင်သည် ပြိုင်ဘက်ကင်းသည့် ရုပ်ထွက်အတွေ့အကြုံကို ခံစားနိုင်ပါသည်။

V29e 5G တွင် Qualcomm Snapdragon 695 Processor တို့ကြောင့် အကောင်းမွန်ဆုံးသော လုပ်ဆောင်ချက်များကိုပေးစွမ်းပါသည်။ ၎င်းတွင်ပါဝင်သော processor သည် မြန်ဆန်လျင်မြန်သည့် လုပ်ဆောင်ချက်များကို ပေးစွမ်းနိုင်ပါသည်။ 4800 mAhနှင့် 44W Flash Charge ပါဝင်မှုကြောင့် ဘက်ထရီပါဝင်မှုကြောင့် ကြာရှည်စွာသုံးစွဲနိုင်ပါသည်။

8GB RAM + 256 GB ROM အပြင် 8 GB Extended RAM+ 8 GB Extended RAM ပါရှိမှုတို့ကြောင့် လိုအပ်သည်ထက်များစွာ ဓါတ်ပုံ၊ အက်ပလီကေးရှင်း နှင့် ဗီဒီယိုများစွာတို့ကို သိမ်းဆည်းနိုင်သည်။

V29e 5G သည် ၎င်း၏ အဆင့်မြင့် လုပ်ဆောင်နိုင်စွမ်း၊ မြန်ဆန်သော စွမ်းဆောင်ရည်နှင့် ခေတ်မီ ဒီဇိုင်းတို့ကြောင့် စမတ်ဖုန်းများအကြားတွင် စံနမူနာ တစ်ခုချနိုင်ခဲ့သည်။ ရှုခင်း ဓါတ်ပုံရိုက်နည်းပညာတွင် vivo သည် ၎င်း၏ လုပ်နိုင်စွမ်းများကို တိုးချဲ့ကာ ဆန်းသစ်တီထွင်မှု များကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိသည်။

ယခုခေတ် အနုပညာဖန်တီးမှု ပညာရပ်၏ ထူးခြားသော ဖျော်ဖြေမှုများနှင့် ပေါင်းစပ်ကာ အရင်ထက်သာလွန်သော အဆင့်မြင့် အတွေ့အကြုံများကို ယူဆောင်လာနိုင်မည့် လုပ်ဆောင်ချက်များအား vivo V29e 5G တွင် ပါဝင်လာခဲ့ပြီ ဖြစ်သည်။ ယနေ့မှစတင်ကာ နည်းပညာအဆင့်မြင့် vivo V29e 5G အားဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Media release: vivo