vivo က စွမ်းရည်သင့် V-series ဖုန်း အသစ် ၁ လုံးကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ vivo V29e လို့ အမည်ပေးထားပြီး 6.78” AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်။ FHD+ Resolution ရှိပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်မှာ Autofocus ပါတဲ့ 50MP ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်ဟာ ၂ ရောင်စပ် ဒီဇိုင်း ဖြစ်ပြီး အရောင်ပြောင်းတဲ့ ဖန်ကို သုံးထားကာ vivo က Artistic Design လို့ ပြောပါတယ်။ Artistic Red Version မှာ အနောက်ဘက်ဟာ နေရောင်ထိရင် အနီကနေ အနက်ရောင်ပြောင်းသွားပါတယ်။ အနောက်ဘက်မှာ 64MP Main နဲ့ 8MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။

vivo V29e မှာ Qualcomm Snapdragon 695 Chipset မောင်းနှင်ထားပြီး 8GB RAM , 128/256GB Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။ Android 13 အခြေပြု Funtouch OS 13 မောင်းနှင်ထားပြီး 44W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Artistic Red နဲ့ Artistic Blue အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၃၂၇ ဒေါ်လာနဲ့ 8/256GB ကို ၃၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena