vivo က Flip ဖုန်း အသစ် ဖြစ်တဲ့ vivo X Flip ကို ဖန်တီးနေပြီး တရုတ်မှာ နောက်လ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီဖုန်းမှာ vivo X Fold+ မှာလို Snapdragon 8+ Gen 1 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 128GB Storage ထည့်သွင်းထားမှာပါ။

Vivo X Flip Leaked Schematics

အဲဒီဖုန်းရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးက ကင်မရာတွေ ဖြစ်ပါတယ်။ Digital Chat Station က vivo X Flip ရဲ့ အရွယ်ကြီး ကာဗာ မျက်နှာပြင်မှာ 50MP Sony IMX866 Main နဲ့ 12MP IMX663 Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားမယ်လို့ ပြောပါတယ်။ အနောက်ကင်မရာတွေဟာ Zeiss Branding ဖြစ်ပြီး တခြား vivo စွမ်းရည်မြင့် ဖုန်းတွေနဲ့ တူညီပါတယ်။ ဖုန်းအတွင်းဘက်မှာ အပို ကင်မရာ ၁ လုံး တပ်ဆင်ထားပေမယ့် Resolution ကို မသိရသေးပါဘူး။

Vivo X Flip design and specs revealed in detail - NotebookCheck.net News

မျက်နှာပြင်အကြောင်းပြောရရင် 6.8” FHD+ 120Hz ထည့်သွင်းထားမှာ ဖြစ်ပြီး 44W Fast Charging ပါတဲ့ 4,400mAh ဘက်ထရီ တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် Flip ဖုန်းတွေထဲမှာ ဘက်ထရီ စွမ်းရည် အမြင့်မားဆုံး ဖုန်း ၁ လုံး ဖြစ်လာမှာပါ။ ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားနိုင်ပါတယ်။

vivo X Flip ကို နောက်လ တရုတ်မှာ ကြေညာနိုင်ပြီး Teaser တွေကို နောက်တစ်ပတ်လောက်မှာ အစောဆုံး အနေနဲ့ ကုမ္ပဏီက မျှဝေနိုင်ပါတယ်။ vivo ဟာ Snapdragon 8 Gen 2 ပါတဲ့ vivo X Fold 2 ကိုလည်း မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gizmochina