စမတ်ဖုန်းတွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာတာဟာ ခေတ်စားလာပါပြီ။ Leakster WhyLab က နောက်ထွက်မယ့် vivo X100 Pro မှာ ဂြိုလ်တု အခြေပြု စာပို့တဲ့ စနစ် ပါလာမယ်လို့ ပြောပါတယ်။ တရုတ်ရဲ့ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာ (MIIT) ဝန်ကြီးဌာနက vivo X100 Pro (V2309A မော်ဒယ်နံပါတ်)ကို မကြာခင်က မှတ်ပုံတင်ထားပြီး စိတ်ဝင်စားစရာ အကောင်းဆုံးလုပ်ဆောင်ချက်က ဂြိုလ်တု ဆက်သွယ်ရေး ဖြစ်ပါတယ်။ အဲဒီဖုန်းဟာ WiFi နဲ့ ဆယ်လူလာလိုင်း မရတဲ့ အချိန်မှာ စာသား၊ ဓါတ်ပုံ၊ အသံနဲ့ ဗီဒီယိုတွေကို ပေးပို့၊ လက်ခံ နိုင်မှာပါ။

vivo X100 Pro မှာ MediaTek Dimensity 9300 Chipset မောင်းနှင်ထားပြီး ဂြိုလ်တု ဆက်သွယ်ရေးကို ထောက်ပံ့ပေးတဲ့ Unisoc V8821 Chip ထည့်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အရင်သတင်းတွေအရ အဲဒီဖုန်းမှာ 53MP Main ကင်မရာ ပါလာနိုင်ပါတယ်။

Unisoc V8821 chipUnisoc V8821 chip

Main ကင်မရာနဲ့အတူ 50MP Portrait (2x Optical Zoom) နဲ့ 64MP Periscope ကင်မရာ တပ်ဆင်ထားမှာဖြစ်ပါတယ်။

vivo X100 Series စမတ်ဖုန်းတွေကို နောက်လ တရုတ်မှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး X100 ကနေ X100 Pro+ အထိ မော်ဒယ် ၃ မျိုး ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena