Vivo X60 နဲ့ Vivo X60 Pro တွေကို ဖြန့်ချိပြီးတဲ့နောက် တရုတ်အခြေစိုက်ကုမ္ပဏီကြီးဟာ တတိယမြောက် မိသားစုဝင်အဖြစ် Vivo X60 Pro+ ကို ကြေညာဖို့ ရှိပါတယ်။ X60 Pro+ ဟာ အခြားမိသားစုဝင်တွေလို Exynos 1080 chipset ကို အသုံးပြုမှာမဟုတ်ဘဲ Snapdragon 888 processor ကို အသုံးပြုမှာ ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ပေါက်ကြားမှုမှာတော့ မတူညီတဲ့ Snapdragon chipset နဲ့အတူ နောက်ထပ်ဗားရှင်းတစ်ခုရှိလာဦးမယ်လို့ ဆိုထားပါတယ်။ ဒီပေါက်ကြားသတင်းကို ထုတ်လွှင့်လိုက်တာက Leaker Teme (@RODENT950) ဖြစ်ပါတယ်။ သူ့ရဲ့အဆိုအရ Vivo X60 Pro+ ဟာ အခုထိမကြေညာရသေးတဲ့ Snapdragon 875 processor နဲ့ဗားရှင်းတစ်မျိုးလည်း ရှိဦးမယ်လို့ သိရပါတယ်။

အခြားတွစ်တစ်ခုမှာတော့ ဖုန်းဟာ Snapdragon 875 နဲ့ ထွက်လာဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။ နောက်တစ်ခုမှာတော့ ဖုန်းဟာ Snapdragon 888 ဗားရှင်းနဲ့အတူ Snapdragon 875 ဗားရှင်းအသစ်လည်း ရှိကောင်းရှိမယ်လို့ ဆိုထားပြန်ပါတယ်။ Qualcomm ကတော့ အခုထိ Snapdragon 875 processor ကို မကြေညာသေးပါဘူး။

တကယ်တော့ Snapdragon 888 ကို Snapdragon 875 အနေနဲ့ ဖြန့်ချိမယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။ ဒါပေမယ့် အခြားအမည်နဲ့ Processor ကို ကြေညာလိုက်တဲ့အတွက် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ အသေးစိတ်အချက်အလက်သစ်တွေအရ Snapdragon 875 processor ဟာ Higher clocked Snapdragon 865 Plus ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

Ref: Gizmochina