vivo က အိန္ဒိယမှာ Y19 5G ကို ကြေညာလိုက်ပြီး 6.74” 720×1600 LCD Display ၊ 90Hz Refresh Rate ပါလာပါတယ်။ MediaTek Dimensity 6300 SoC မောင်းနှင်ထားပြီး 13MP အနောက်ကင်မရာနဲ့ 0.08MP Decorative ကင်မရာ တပ်ထားပါတယ်။ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပြီး 15W Wired Charging ပါတဲ့ 5,500mAh Battery ပါလာပါတယ်။
အရွယ်အစား အပြည့်အစုံက 167.3 x 76.95 x 8.19mm ဖြစ်ပြီး အလေးချိန်က ၁၉၉ ဂရမ် ဖြစ်ပါတယ်။ IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ Android 15 အခြေပြု vivo Funtouch OS 15 ထည့်သွင်းထားပါတယ်။
Titanium Silver နဲ့ Majestic Green အရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB Version ကို ၁၀,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ 4/128GB Model ကို ၁၁,၄၉၉ ရူပီး နဲ့ 6/128GB Version ကို ၁၂,၉၉၉ ရူပီး ကျသင့်မှာ ဖြစ်ပါတယ်။ AI Erase , AI Photo Enhance နဲ့ AI Documents စတဲ့ AI Feature တွေ ပါလာပါတယ်။
vivo Y19 5G ကို Flipkart နဲ့ vivo အွန်လိုင်းစတိုးကနေ အိန္ဒိယမှာ ဝယ်ယူနိုင်ပါတယ်။
Ref: Gsmarena